မန္တလေး၊ ဇန်နဝါရီ ၂၆-၂၀၁၉
ဟိန်းကို(VOM)
အသက်၁၅နှစ်အရွယ် မိန်းကလေးကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းက သားမယာပြုကျင့်မှုပြီး ထွက်ပြေးနေတဲ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် အမှတ်(၇)ရဲစခန်းက ရဲဒု-တပ်ကြပ် တေဇာအောင်ကို ဇန်နဝါရီ ၂၅ ရက် ညပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၆၆/၆ ဒိုက်ဦးရဲစခန်းအပိုင်မှာ ဖမ်းဆီးရမိတယ်လို့ အမှတ်(၇)ရဲစခန်းကနေသိရပါတယ်။
” သူ့ကို ဇန်နဝါရီ၂၅ ညပိုင်းက အမြန်လမ်း ဒိုက်ဦးရဲစခန်းအပိုင်မှာ ဖမ်းမိပါတယ် ကျွန်တော်တို့စခန်းက ဒု-ရဲအုပ်ရဲမောင်နဲ့ သူ့မိသားစုကရင်းနှီးတော့ သူ့နဲ့အဆက်သွယ်ရအောင်စည်းရုံးပြီး သူ့နဲ့ဖုန်းရတော့ အကျိုးအကြောင်း ပြော ဖြောင့်ဖြစည်းရုံးပြီးတော့ သူ့ကိုခေါ်လာတယ်” လို့ အမှတ်(၇)ရဲစခန်းမှူး ရဲအုပ်-ခင်ဇော်ကပြောပါတယ်။
ရဲဒု-တပ်ကြပ် တေဇာအောင်ကို မိန်းကလေးရဲ့ဖခင်ဖြစ်သူက တရားလိုပြုလုပ်ကာ (ပ)၆၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃နဲ့ အမှုဖွင့်တိုင်တန်းထားတာဖြစ်ပါတယ်။
အသက်(၁၆)နှစ်မပြည့်သေးတဲ့ မိန်းကလေးနဲ့ကာမစပ်ယှက်ရင် အလိုလိုနေရင်းမုဒိမ်းမှုမြောက်ပြီးသား ဖြစ်တဲ့အတွက် မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)ရဲစခန်းအပိုင်ထဲမှာ သက်ငယ်မုဒိမ်းနဲ့ပက်သက်ပြီး အသိပညာပေးအစီအစဉ်ကို ရဲတပ်ဖွဲ့က လစဉ်ပြုလုပ်ပေးသော်လည်း ပြည်သူပူးပေါင်းပါဝင်တာတွေ နည်းပါးနေတာကြောင့် ပြည်သူတွေအနေနဲ့ပူးပေါင်းပြီး ဆောင်ရွက်ပေးစေလိုတယ်လို့ အမှတ်(၇)ရဲစခန်းမှူး ရဲအုပ်ခင်ဇော် က အသိပေးစကားပြောပါတယ်။
#voiceofmyanmar#မန္တလေး#ရဲဒုတပ်ကြပ်ကိုဖမ်းမိ#