မော်လမြိုင်တရားရုံးကေန NLDလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ကို အပြစ်မရှိကြောင်း အမိန့်ချ

ဇူလိူင် ၁၂-၂၀၂၂
VOM (GG)

အကြမ်းဖက်တိုက်ဖျက်​ရေးဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီး ခံထားရတဲ့ မော်လမြိုင်မြို့နယ် NLDပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်ကို တရားရုံးကနေ မနေ့ ဇူလိုင် ၁၁ရက်က အပြစ်မရှိကြောင်း အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

” ကျနော်တို့သိရတာကတော့ ဒေါ်နွယ်နွယ်အောင်ကို စွဲဆိုထားတဲ့အမှုမှာ သက်သေအထောက်အထား မပြည့်စုံလို့ စွဲချက်မခိုင်လို့ အပြစ်မရှိကြောင်း တရားသူကြီးက အမိန့်ချလိုက်တာပေါ့။ မော်လမြိုင်မြို့နယ် တရားရုံးကနေ အမိန့်ချလိုက်တာပါ။လောလောဆယ် ဒီလောက်ပဲသိရသေးတယ် “လို့ ရှေ့နေတဦးကပြောပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို NUG ၊ CRPH ၊ PDF တွေနဲ့ပူးပေါင်းမှု၊ ငွေကြေးထောက်ပံ့​တယ်ဆိုပြီး ၂၀၂၁ခုနှစ် နိုဝင်ဘာ၂၇ ရက်နေ့မှာ ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က)နဲ့ အမှုဖွင့်တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒေါ်နွယ်နွယ်အောင်ဟာ အဖမ်းမခံရခင်အချိန်က နစကဆီမှာ CRPH NUG PDF တွေနဲ့ ထိတွေ့ဆက်ဆံခြင်းမရှိကြောင်း ခံဝန်ရေးထိုးခဲ့ကြောင်း၊ ရေးထိုးပြီးနောက်မှာမှ ဖမ်းဆီးခံခဲ့ရသူလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်နွယ်နွယ်အောင်ဟာ NLD လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သလို မော်လမြိုင်မြို့နယ် NLDပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင် #NLDကိုယ်စားလှယ် #ဒေါ်နွယ်နွယ်အောင် #အပြစ်မရှိကြောင်းအမိန့်ချ

Related posts

Leave a Comment

VOM News

FREE
VIEW