မြင်းခြံက ရပ်ကျေးအုပ်/မှူး နဲ့ရွာသားတဦးကို Myingyan PDFက ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထား

ဩဂုတ် ၄-၂၀၂၂
VOM (GG)

မြင်းခြံမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့ ရွာသားတဦးကို မနေ့ ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းက Myingyan People Defense Force အဖွဲ့ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

အုပ်ချုပ်ရေးမှူး နဲ့ရွာသားတဦး ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး Myingyan People Defense Force အဖွဲ့ကတော့ သူတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ လက်ပစ်ဗုံး၊ဓားတချောင်း၊လေးခွ တလက် သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာကို တွေ့ရတယ်။

သေဆုံးသူတွေက နစက လက်ထက်မှာမှ အသစ်ခန့်အပ်ထားတဲ့ ကျောက်ပြုတ်ရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဆိုသူနဲ့ လယ်သစ်ရွာဒေသခံ ကိုမောင်နိုင်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

” မနေ့ကည ၇ နာရီလောက်မှာဖြစ်တာ ။ မြင်းခြံ ၊ ကျောက်ပြုတ်ရွာနဲ့လယ်သစ်ရွာကြားမှာ သေနတ်နဲ့ ပစ်ခံရတာ ။ တယောက်သေနတ် ၄ချက် မှန်တယ်လို့ သိရတယ် “လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ ကလည်း မြင်းခြံခရိုင် တောင်သာမြို့နယ်၊နန်းမြင့် ကျေးရွာက အုပ်ချုပ်ရေးမှူး ဦး ကျော်သိန်း အသတ်ခံခဲ့ရပြီး ဇူလိူင်လ ၃၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ် ၊ ရသာကျေးရွာက ဝင်းလှိုင်
ဆိုသူလည်း သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြင်းခြံ

Related posts

✕
VOM News

FREE
VIEW