အာမိုစိုက်ပျိုးရေးကုမ္မဏီဝန်ထမ်း ၂ ဦး ပစ္စည်းတွေ လုယက်ခံရပြီး အသတ်ခံရ

သြဂုတ် ၊ ၁၄ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ စိုင်နိုင်လေးကျေးရွာနားမှာ မနေ့ သြဂုတ် ၁၃ ရက် ၊ နေ့လယ်ပိုင်းက အာမိုစိုက်ပျိုးရေး ဆေးနဲ့ ဆေးပစ္စည်း ကုမ္မဏီဝန်ထမ်း ၂ ဦး ပစ္စည်းနဲ့ ပိုက်ဆံတွေ လုယက်ခံရပြီး အသတ်ခံလိုက်ရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

” မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ စိုက်ပျိုးရေး ဆေးနဲ့ ဆေးပစ္စည်းရောင်းတဲ့ အာမို စိုက်ပျိုးရေး ကုမ္မဏီဝန်ထမ်း ဦးငြိမ်းသူအောင်နဲ့ ဦးအောင်ဇော်မျိုး တို့ ၂ ဦး အသတ်ခံရတာပါ ၊ ရွှေဘို မန္တလေး ကားလမ်းဘေးမှာ အလောင်းတွေ့ရတယ် ၊ သူတို့ရဲ့ ဆိုင်ကယ်တွေ ၊ ဖုန်းတွေနဲ့ ပိုက်ဆံတွေ စတဲ့ပစ္စည်းတွေ လုယက်ခံရပြီး အသတ်ခံရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ စိုက်ပျိုးရေးကုမ္မဏီဝန်ထမ်း ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင်အခြေစိုက် အာမိုစိုက်ပျိုးရေးကုမ္မဏီရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

တွေ့ရှိရတဲ့ ရုပ်အလောင်းတွေကို ဒေသခံပရဟိတအဖွဲ့တွေက ဝက်လက်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပြီး ဝက်လက်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

#voiceofmyanmar #VOM #၀က်လက်

Related posts

Leave a Comment

VOM News

FREE
VIEW