ရန်ကုန်က ဝန်ကြီးများရုံးမှာပြုလုပ်မယ့် NightFest ပွဲတော် အကန့်အသတ်မရှိ ရွေ့ဆိုင်း

 

ရန်ကုန် ဖေဖော်ဝါရီ ၉-၂၀၁၉

TGH(VOM)

ပြည်သူလူထုရဲ့ ဝေဖန်မှုတွေကြောင့်   ရန်ကုန်မြို့၊ ဝန်ကြီးများရုံးမှာ ကျင်းပပြုလုပ်မယ့်  NightFest ပွဲတော်ကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

 

ပွဲဖြစ်မြောက်ရေးအဖွဲ့တွေနဲ့ Signature Night Market Event Planning Company တို့ကနေ လက်မှတ်ဝယ်ယူထားသူတွေအတွက် ကျသင့်ငွေကို ပြန်လည် ထုတ်ပေးသွားမှာဖြစ်ပြီး ပွဲတော်မှာ ဈေးရောင်းချမယ့် သူတွေနဲ့ မိတ်ဖက်ကုမ္ပဏီအတွက်လည်း လိုအပ်တဲ့ ရှင်းလင်းမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

” ရွှေ့ဆိုင်းတဲ့အဆင့်ဖြစ်သွားတာကောင်းတယ်။ အပြီးရပ်လိုက်တာမျိုးဖြစ်သင့်တာ။ ညပွဲတော်ကြီးကတော့မလုပ်သင့်ပါဘူး။ ဒီတိုင်းပြည်သူကို စနစ်တကျပေးဝင်လေ့လာဖို့ကျ မလုပ်ပဲ ညဘက် အသောက်အစားတွေနဲ့ပွဲမျိုးတော့ လက်မခံနိုင်ပါဘူး။”လို့ ရန်ကုန်မြို့နေ ကိုအေးဇော်က ပြောပါတယ်။

ဝန်ကြီးများရုံးဟာ ယဉ်ကျေးမှုစင်တာတစ်ခု၊ အများပြည်သူ လာရောက်လေ့လာစရာ နေရာအသစ်တစ်ခုအပြင်  ကျောင်း၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရုံးခန်း၊ အစားအစာနဲ့ စားသောက်ဆိုင် အစရှိသဖြင့် ကွဲပြားတဲ့ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းအကြား တွေ့ဆုံဆွေးနွေးရာ နေရာတစ်ခု ဖြစ်လာမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဝန်ကြီးများရုံးအနေဖြင့် ရှေးဟောင်းအမွေအနှစ် အဆောက်အဦးရဲ့အဓိပ္ပာယ်ပြည့်ဝလှသည့် သမိုင်းကြောင်းအစဉ်လာနဲ့ အရေးပါပုံကို ကောင်းစွာ သဘောပေါက်နားလည်ထားပြီး အံ့ဖွယ် ဗိသုကာအနုပညာ လက်ရာတွေကို ထိန်းသိမ်းဖို့ လာရောက်ကြည့်ရှု့သူတွေနဲ့ အသက်ဝင် လှုပ်ရှားနေစေရန် ရည်မှန်းဆောင်ရွက်လျက် ရှိတယ်လို့လည်း ဖေါ်ပြထားပါတယ်။

 

ဒါ့အပြင် ဝန်ကြီးများရုံးအနေနဲ့ အများပြည်သူရဲ့ ဝေဖန်အကြံပြုချက်တွေကို အလေးပေး ထည့်သွင်းစဉ်းစားပေးသွားမှာဖြစ်ပြီး  ရန်ကုန်မြို့သူမြို့သားတွေအတွက်လည်း အလွယ်တကူ တက်ရောက်နိုင်မဲ့ အခမ်းအနားနဲ့ ပြပွဲအတွေ့အကြုံတွေ ရရှိနိုင်ဖို့အတွက်  နိုင်ငံတော်  ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့  ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar#ရန်ကုန်#ဝန်ကြီးများရုံး

ဓါတ်ပုံ Yangon Heritage trust

Related posts

VOM News

FREE
VIEW