ရွာလုံးကျွတ်နီးပါးမီးရှို့ခံရတဲ့ မြစ်ဆုံရွာ မီးဘေးသင့်ပြည်သူတွေရဲ့အခက်အခဲများ

ဒီဇင်ဘာ ၂-၂၀၂၂
Voice Of Myanmar(VOM)

ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက အိမ်ခြေ (၅၀၀) ကျော်ရှိတဲ့ မြစ်ဆုံကျေးရွာ မီးရှို့ခံခဲ့ရပြီး နေအိမ် (၄၂၀) မီးလောင်ဆုံးရှုံးခဲ့မှုကြောင့် မီးဘေးသင့်ပြည်သူတွေမှာ စားဝတ်နေထိုင်ရေးအတွက် အခက်အခဲများစွာကြုံနေကြရပါတယ်။

ဒါအပြင် ဒေသခံရွာသားတွေအနေနဲ့ စောင်၊ခြင်ထောင်‌၊ခေါင်းအုံး စတဲ့အသုံးအဆောင်ပစ္စည်းတွေကို အိမ်သာတွေထဲထည့်သိမ်းကာ ထွက်ပြေးကြပြီး အခုအခါ အိမ်သာတွေပါမီးရှို့ခံရတာကြောင့် ဆောင်းတွင်းကာလ ခြုံစရာစောင်မရှိတဲ့အခက်အခဲကိုပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြောင်နယ်အတွင်း မြစ်ဆုံကျေးရွာအပါအဝင် ရွာပေါင်း (၉) ရွာက အိမ်ခြေ (၁၀၀၀) ကျော် တပြိုင်ထဲ မီးရှို့ခံထားရတာကြောင့် တရွာနဲ့တရွာကူညီနိုင်ဖို့အခြေအနေလည်း မရှိကြဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင် #မြစ်ဆုံရွာ

Youtube Link – https://youtu.be/qkzbIS_45MY

Related posts

✕
VOM News

FREE
VIEW