ဂျာမနီမှာ အာဏာသိမ်းဖို့ ကြံစည်နေတဲ့အဖွဲ့ကို အာဏာပိုင်တွေ ဖမ်းဆီး

ဘာလင်၊ ဒီဇင်ဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

ဂျာမနီနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ ကြံစည်နေတဲ့အဖွဲ့ကို နိုင်ငံတ၀န်း ပြည်နယ် ၁၁ ခုမှာ စီးနှင်းခဲ့ပြီးနောက် လူ ၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

လက်ယာစွန်းနဲ့ စစ်အာရှင်ဟောင်းအုပ်စုက ပါလီမန်ကို ၀င်ရောက်စီးနှင်းကာ အာဏာသိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဂျာမနီသတင်းစာတွေက ရေးသားဖော်ပြထားပါတယ်။

ဒီလိုအာဏာသိမ်းဖို့ ကြံစည်မှုကို Heinrich XIII လို့ခေါ်တဲ့ အသက် ၇၁ နှစ်အရွယ် ဂျာမနီအမျိုးသားတဦးက အဓိက ကြိုးကိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

နိုင်ငံတ၀န်း စီးနှင်းမှုတွေလုပ်ဆောင်ပြီးနောက်မှာ သြစတြီးယားနဲ့ အီတလီတို့မှာလည်း လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျာမနီအခြေစိုက် ဒီပီအေ သတင်းဌာနကဆိုပါတယ်။

အဲဒီအဖွဲ့ဟာ ၂၀၂၁ ခုနှစ် နို၀င်ဘာလကတည်းက အကြမ်းဖက်အာဏာသိမ်းဖို့ ကြံစည်နေတာဖြစ်ကြောင်း နဲ့ အကြမ်းဖက်မှုဆန့်ဆင်ရေး စစ်ဆင်ရေးကြီးတခုပြီးဆုံးသွားပြီလို့ ဂျာမနီတရားရေး၀န်ကြီး မက်ခရိုဘိုခ်ျမန်းက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဘာလင်

Related posts

✕
VOM News

FREE
VIEW