ဘဝရှေ့ရေးခက်ခဲနေရတဲ့ တောကျောင်းရွာက မီးဘေးသင့်ပြည်သူတွေ

ဒီဇင်ဘာ ၈-၂၀၂၂
Voice Of Myanmar(VOM)

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁) ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တောကျောင်းကျေးရွာဟာ မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီကျေးရွာမှာအိမ်ခြေ (၂၈၀) ဝန်းကျင်ရှိပြီး နေအိမ် (၃၀) ကျော်မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

အခုလို မီးရှို့ခံရတဲ့အိမ်တွေဟာ တောင်သူတွေနဲ့ လက်လုပ်လက်စားပြည်သူတွေရဲ့ နေအိမ် ဖြစ်ပြီးကျေးရွာရဲ့တဝက်လောက်က တောင်သူလုပ်ကိုင်ကာ ကျန်တဝက်လောက်က တခြားဒေသတွေမှာသွားရောက် အလုပ်လုပ်တဲ့ လက်လုပ်လက်စားတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံရေးတည်ငြိမ်မှုမရှိတော့တဲ့နောက်ပိုင်း လက်လုပ်လက်စားတွေလည်း တခြားဒေသတွေမှာ သွားရောက်အလုပ်လုပ်လို့အဆင်မပြေတော့တာကြောင့် ရွာမှာရှိတဲ့တောင်သူအလုပ်ကိုပဲ မှီခိုလုပ်ကိုင်နေကြရတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ တောင်သူလုပ်ငန်းအသုံးပြုတဲ့ ကျွဲ၊ နွား၊ စက်ပစ္စည်းတွေ၊ မျိုးစေ့မျိုးစံတွေကအစ မီးလောင်ဆုံးရှုံးခဲ့ရတာကြောင့် အခက်အခဲများစွာကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး

YouTube Link – https://youtu.be/hSWiXmBG9cE

Related posts

✕
VOM News

FREE
VIEW