ပြည်ပခရီးသွားတွေအတွက် ကွာရန်တင်းကန့်သတ်ချက် တရုတ်နိုင်ငံ ရုပ်သိမ်း

ပေကျင်း၊ ဒီဇင်ဘာ-၂၇-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံကို လာရောက်မယ့် ပြည်ပခရီးသွားတွေအတွက် ကွာရန်တင်း၀င်ဖို့ ကန့်သတ်ချက်ကို ဇန်နဝါရီ ၈ ရက်ကစပြီး ရုပ်သိမ်းတော့မယ်လို့ တရုတ်အစိုးရတာ၀န်ရှိသူတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ဒါဟာ ကိုဗစ်ကူးစက်မှုလုံး၀မရှိရေး မူဝါဒကို ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအတွက် အကြီးမားဆုံး အပြောင်းအလဲတခုဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

လက်ရှိမှာ ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တဲ့အတွက် အလုပ်လုပ်ကိုင်မယ့်သူတွေ ကျောင်းတက်မယ့်သူတွေနဲ့ လည်အပတ်လာရောက်မယ့်သူတွေအတွက် ယခင်ကလောက် တင်းကြပ်မှုမရှိတော့ပါဘူး။

ဒါပေမယ့် မကြာသေးမီကာလအတွင်း ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပြီးနောက် တရုတ်နိုင်ငံမှာ ရောဂါကူးစက်မှုတွေ မြင့်တက်နေပြီး ဆေးရုံတွေမှာ လူနာတွေပြည့်နှက်နေကာ သက်ကြီးရွယ်အိုတွေ သေဆုံးနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

တာ၀န်ရှိသူတွေဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုဆိုင်ရာ အချက်အလက်တွေကို ရပ်ဆိုင်းထားတာကြောင့် နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်ကို အတိအကျမသိရပါဘူး။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW