စစ်တွေမြို့မှာ ၄ လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

ဇန်နဝါရီ ၁၈-၂၀၂၃
MM(VOM)

ရခိုင်ပြည်နယ် ၊စစ်တွေမြို့၊ ပလ္လင်ပြင်ရွာသစ်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၇ရက် မနက်အစောပိုင်းက ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

“လူသတ်မှုက မနေ့က ဖြစ်တာပါ ၊ သေဆုံးခဲ့ရသူတွေက အသက် ၆၅ နှစ်အရွယ် ဦးဘော်ဒီရာမန်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ဖာတေဟခါမောက်နဲ့ အသက် ၃၇ နှစ်အရွယ် ၊ ဒေါ်အာလီမာခါတူနှင့် အသက် ၃၅ နှစ် အရွယ် ဦးဘောဇီရာမောက်တို့ပါ ၊ မိသားစုလိုက် အသတ်ခံရတာ ၊ ဘယ်လိုဖြစ်တာလဲတော့ အခုအထိ မသိရသေးပါဘူး ၊ ဒေသခံတချို့ကပြောတာကတော့ အမွေကိစ္စနဲ့ ဖြစ်တာလို့လည်းပြောတယ် ၊ ရဲတွေကတော့ အသေးစိတ် စစ်ဆေးနေဆဲပဲ။”လို့ လူမှုကူညီရေးအဖွဲ့ကတာဝန်ရှိသူ တယောက်ကပြောပါတယ်။

အဲ့ဒီ သေဆုံး ရုပ်အလောင်း ၄ လောင်းကို ပရဟိတသမားတွေက စစ်တွေမြို့ပြည်သူဆေးရုံကြီးကို ကားနဲ့ သယ်ယူသွားတယ်လို့ သိရပါတယ် ။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့အတွက် စစ်တွေမြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အခု ၂၀၂၃ခုနှစ်အတွင်း စစ်တွေမြို့နယ်မှာ အခုလို မိသားလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပွားတာလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Photo Credit- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
#voiceofmyanmar #VOM #စစ်တွေ #လေးလောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW