ဒါရိုက်တာ စတီးလ် ဖမ်းဆီးခံရ

 

မတ် ၂၀ – ၂၀၂၃
SN (VOM)

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)ကို ဒီနေ့ မတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

“ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာတော့ အတိအကျမသိဘူး။ သူတို့ ရောက်လာတဲ့အချိန်မှာ ဒါရိုက်တာ စတီးလ်ကလည်း သူ့အိမ်မှာမရှိဘူး။ အဲ့ဒါနဲ့ ဖုန်းဆက် လှမ်းခေါ်ခိုင်းပြီး အိမ်ပြန်အရောက်မှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်”လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီနေ့ မတ်လ ၂၀ ရက်နေ့၊ မနက် ၉ နာရီလောက်မှာ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်က ဒါရိုက်တာ စတီးလ်ရဲ့နေအိမ်ကို လာရောက် ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ဒါရိုက်တာစတီးလ် ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းကို လက်ရှိမှာ အတိအကျ မသိရသေးပေမယ့် ထွက်ပေါ်နေတဲ့ သတင်းတွေအရ သူဟာ ခေတ်သစ်မီဒီယာရဲ့သတင်းကို ပြန်လည်မျှဝေထားတာကြောင့် အရေးယူဖို့ လူမှုကွန်ယက်တခုဖြစ်တဲ့ တယ်လီဂရမ်ချန်နယ်ကနေ မကြာခဏဖော်ပြခဲ့ပြီးနောက် အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါရိုက်တာ စတီးလ်ဟာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်ကာလ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်တယ်လို့ ကြေညာခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က “တောင်းဆုတခုပြည့်စေသား”ရုပ်ရှင် ထွက်ရှိခဲ့တာကြောင့် ဝေဖန်မှုများစွာ ခံနေရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒါရိုက်တာစတီးလ် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW