အင်္ဂါနေ့မှာ အဖမ်းခံရနိုင်ကြောင်း ကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ပြော၊ ဆန္ဒပြပွဲတွေ အကြီးအကျယ်လုပ်ဖို့ ထောက်ခံသူတွေကို တိုက်တွန်း

ဝါရှင်တန် ၊ မတ်-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူဟာ အင်္ဂါနေ့မှာ ဖမ်းဆီးခံရဖွယ်ရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ်လုပ်ဖို့ ထောက်ခံသူတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒါပေမယ့်လည်း သူ့ရှေ့နေကတော့ တာဝန်ရှိသူတွေဆီက ဆက်သွယ်မှု မရှိသေးကြောင်းနှဲ့သမ္မတဟောင်းကိုဖမ်းမယ့် သတင်းဟာ မီဒီယာတွေရဲ့ဖော်ပြချက်တွေကို အခြေခံထားတာလို့ ပြောပါတယ်။

အစိုးရရှေ့နေတွေဟာ သမ္မတဟောင်း Trump ကို စွဲချက်တင်ဖို့ ဖြစ်နိုင်ချေကို စောင့်ကြည့်နေကြပြီး လာမယ့်အပတ်မှာ ဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

တကယ်လို့ သူ့ကို စွဲချက်တင်နိုင်မယ်ဆိုရင် အမေရိကန် သမ္မတဟောင်းတဦးကို ပထမဆုံး စွဲချက်တင်တဲ့ ရာဇ၀တ်မှု ဖြစ်လာမှာပါ။

ဒီအမှုဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမတိုင်မီက အပြာမင်းသမီး ဒန်နီရယ်ကို ထရန့်ရဲ့ ရှေ့နေက နှုတ်ပိတ်ခ ကိုယ်စား ပေးခဲ့တယ်ဆိုတဲ့ အမှုဖြစ်ပါတယ်။ ထရန့်ကတော့ အဲဒီအမျိုးသမီးနဲ့ မပတ်သက်ဖူးဘူးလို့ ငြ်းဆိုထားပါတယ်။

သူ့ကို ရှေ့နေတွေက စွဲချက်တင်ခဲ့ရင်တောင် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဆက်လက်မဲဆွယ်သွားမယ်လို့ ထရန့်က ကတိပြုပြောဆိုထားပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW