နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား

ဇွ‌န် ၆ -၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါရ ဗန်းမော်ဆရာတော်ဘုရားကြီးဟာ ပြီးခဲ့တဲ့ မေလ ၂၅ရက် ည၁၁နာရီ ၁၁မီနစ်အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ ဥရုဇ ရုပ်ကလာပ်တော်ကို မေလ(၂၆)ရက်ကနေ ဇွ‌န်လ(၆)ရ‌က်‌‌နေ့‌ နေ့လယ်ပိုင်းအထိ ဗန်းမော်ကျောင်းတိုက် ယာယီစံ‌ကျောင်းတော်မှာ ထားရှိခဲ့ပြီး ဒီကနေ့ ဇွန်လ(၆)ရက် ညနေပိုင်းမှာ ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်ကနေ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် မီးပူဇော် အခမ်းအနား ကျင်းပနေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဗန်းမော်ဆရာတော် #အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား

Related posts

✕
VOM News

FREE
VIEW