မြိုင်နယ်၊ သရက်ကွရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၅ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ဇွန် ၁၄-၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သရက်ကွကျေးရွာထဲကို မနေ့ ဇွန် ၁၃ရက် ညနေ၅ နာရီဝန်းကျင်က လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ ဒေသခံတွေ သေဆုံးဒဏ်ရာရတယ်လို့ သရက်ကွကျေးခံတွေဆီက သိရပါတယ်။

” ရွာရဲ့ အရှေ့မြောက်ဘက်ကနေ လက်လုပ်စိန်ပြောင်းတွေနဲ့ ပစ်တာပါ ၊ သေဆုံးသူတွေကတော့ ဦးအောင်လှိုင် (၆၃) နှစ်၊ ဦးကြည်စိန် (၃၇) နှစ်၊ ဦးမောင်အေး (၃၅) နှစ်၊ ဒေါ်ငွေတင့် (၆၅) နှစ်၊ နဲ့ ဒေါ်ခါကြည် (၆၂) နှစ် ၊ ၅ ယောက်က နေရာမှာတင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိမှန် သေဆုံးတယ် ၊ နောက်ပြီး ဦးကျော်မောင် (၄၀) နှစ်နဲ့ မြတ်လင်း (၁၉) နှစ် အဲ့ဒီ ၂ ယောက်က မိုင်းစထိမှန် ဒဏ်ရာရတယ် “လို့ ဒေသခံ လူမှုကူညီရေး ပရဟိတ သမားတယော​က်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သရက်ကွကျေးရွာ အရှေ့မြောက်ဘက်ကနေ ကိုက် ၃၀၀ လောက်နေ လက်လုပ် စိန်ပြောင်းတွေ ပစ်တာပါ ၊ ရွာထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိမှန် သေဆုံးတယ် ” လို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ရွာတွေထဲကို လက်နက်ကြီးကျည်းးတွေ ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံး ဒဏ်ရာရတဲ့ သူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW