NUG ရဲ့ဝန်ကြီး နိုင်သုဝဏ္ဏဆိုသူရဲ့ နေအိမ် ချိပ်ပိတ်ခံရ

ဇွန်၊ ၁၄-၂၀၂၃
MM(VOM)

NUG ရဲ့ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေရဲ့ နေအိမ်ကို သက်ဆိုင်ရာက မနေ့ ဇွန် ၁၃ ရက်က ချိပ်ပိတ် လိုက်တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

”ဟုတ်ပါတယ်၊ မနေ့က ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ အမှတ်(၇)ရပ်ကွက်၊ ၂ လမ်းမှာရှိတဲ့ နိုင်သုဝဏ္ဏရဲ့ နေအိမ်ကို ပူးပေါင်းအဖွဲ့တွေက ညနေပိုင်းလောက်မှာ လာရောက် ချိပ်ပိတ်လိုက်တာ၊ လာတဲ့အဖွဲ့က စစ်သားတွေ၊ ရဲတွေနဲ့ အရပ်ဝတ်နဲ့ လူတွေလည်းပါတယ်၊ အိမ်တံခါးဖျက် အိမ်ပေါ်တက်ပြီး ချိပ်ပိတ်ကြောင်း ဗီနိုင်းကပ်သွားတာ”လို့နီးစပ်သူတစ်ဦးကအတည်ပြု ပြောပါတယ်။

“အဲ့ဒီ အိမ်မှာက လူတွေမနေတာကြာပါပြီ ၊ ချိပ်ပိတ်တာ မှန်ပါတယ်၊ ဗီနိုင်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်ပတ်သက်နေလို့တဲ့ နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းတယ်လို့ဆိုပြီး ရေးထားတာပဲ ၊ ကိုယ်လည်း အနားကပ်မကြည့်ရဲတော့ သေသေချာချာ အသေးစိတ်တော့မတွေ့ရဘူး။”လို့ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ ဝါရင့်နိုင်ငံရေးသမား တစ်ဦးက” အဲ့ဒီ ချိပ်ပိတ်ခံရတဲ့ နေအိမ်ပိုင်ရှင် နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေက ဝါရင့် နိုင်ငံရေးသမား တစ်ဦးပါ၊ ၁၉၉၀ ရွေးကောက်ပွဲမှာ မွန်အမျိုးသား ဒီမိုက ရေစီအဖွဲ့ ချုပ်(MNDF)ပါတီကိုယ်စားပြုပြီး ကြာအင်း ဆိပ်ကြီး မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေမှာယှဉ်ပြိုင်ခဲ့တယ်၊ ဒါပဲမက ၂၀၁၅ ရွေးကောက်ပွဲမှာလည်း မွန်အမျိုးသား ပါတီ (MNP)ကိုယ်စားပြုပြီး ဘားအံမြို့နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၁)က ဝင်ရောက်ယှဉ် ပြိုင်ခဲ့တယ်၊ဒါပေမယ့် တစ်ကြိမ်မှ အနိုင်မရခဲ့ပါဘူး၊ ၂၀၂၀ ခုနှစ်ထွထွေရွေးကောက်ပွဲမတိုင်ခင်မှာ မွန်ပါတီတွေပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီ (MUP)အဖြစ် တည်ထောင်ခဲ့တယ်၊နိုင်သုဝဏ္ဏက မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သေးသူပါ၊ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပြီးနောက် မွန်ညီညွတ်ရေးပါတီ(MUP)က နကစနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ခဲ့တာကြောင့် နိုင်သုဝဏ္ဏ ကမွန်ညီညွတ်ရေးပါတီကနေ နုတ်ထွက်ခဲ့တာလို့ သိရတယ်၊အဲ့ဒီနောက် NUG က နိုင်သုဝဏ္ဏ(ခေါ်) နိုင်ထွန်းဖေကို အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ တာတဲ့။”လို့ သူကပြောပါတယ်။

ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်း ကလည်း MUG ရဲ့ သမ္မတဆိုသူ ဒုဝါးလရှီးလရဲ့နေအိမ်အပါအဝင် နိုင်ငံရေးသမား ၃ဦးရဲ့ နေအိမ် ၃ လုံးလည်း ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေး အပြောင်းအလဲ စတင်ဖြစ်ပေါ်တဲ့ ၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ခုနှစ် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်အထိ နိုင်ငံတဝှမ်းမှာ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၈၀၀ ဦးရှိပြီး အဲ့ဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၇၅ ဦး၊ NLD ပါတီဝင် ၃၃၅ ဦးနဲ့ ကျောင်း ဆရာ၊ဆရာမ ၁၉၇ ဦးရဲ့နေအိမ်တွေလည်း ပါဝင်တယ်လို့ သတင်းမှတ်တမ်းတွေ အရသိရပါတယ်။

#VOM #voiceofmyanmar #နိုင်သုဝဏ္ဏနေအိမ် #ချိပ်ပိတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW