သက်တမ်းကုန်နေတဲ့ ဦးရွှေမန်းကော်မရှင် သက်တမ်းတိုးမပေးတော့

နေပြည်တော် ဖေဖေါ်ဝါရီ ၂၈-၂၀၁၉

မြတ်မင်းခန့် (VOM)

သူရဦးရွှေမန်း ဦးဆောင်နေတဲ့ “ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်” သက်တမ်းတိုးရေး ကိစ္စကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက် မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြရာ၊ မဲခွဲ ဆုံးဖြတ်ပြီး ပယ်ချ လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တာမှာ မဲပေးခွင့်ရှိသူ ၆၀၈ ယောက်ရှိတဲ့အနက် ထောက်ခံမဲ ၂၀ ၊ ကန့်ကွက်မဲ ၅၅၅ ၊ ကြားနေ ၁၀ မဲ နဲ့ ပယ်ချလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကန့်ကွက်မဲများလို့ ကော်မရှင်ကို မကြာခင် ဖျက်သိမ်းရတော့မှာ ဖြစ်ပါတယ်။

#voiceofmyanmar#ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်#သူရရွှေမန်း#ပြည်ထောင်စုလွှတ်တော်#နေပြည်တော်

 

Related posts

Leave a Comment

VOM News

FREE
VIEW