ဂျပန် နျူ စက်ရုံဟောင်းမှ ရေဒီယိုသတ္တိကြွရေဆိုးတွေ သမုဒ္ဒရာထဲ စွန့်ပစ်မှုကို တောင်ကိုရီးယားမှာ ကန့်ကွက်ဆန္ဒပြကြ

Voice of Myanmar
တိုကျို၊ သြဂုတ်-၁၇-၂၀၂၃

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်မှာ ဩဂုတ် ၁၁ ရက်တုန်းက နိုင်ငံသားတွေ စုဝေးချီတက်ပြီး ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွ စွန့်ပစ်ရေဆိုးတွေ သမုဒ္ဒရာထဲသို့ ထုတ်လွှတ်မယ့် ဂျပန်ရဲ့အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂယက်ရိုက်ခတ်လာနိုင်လို့ အဲဒီစွန့်ပစ်ရေဆိုးတွေနဲ့ပတ်သက်ပြီး ဂျပန်ရဲ့အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်ထိတ်လန့်စွာနဲ့ အကြိမ်ကြိမ် ကန့်ကွက်နေကြပေမဲ့ တိုကျိုအစိုးရဟာ အခုသြဂုတ်လကုန်ကျရင် သူ့အစီအစဉ်ကို ရှေ့တိုး လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရာနဲ့ချီတဲ့ တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူတွေဟာ တိုကျိုအစိုးရရဲ့ အထက်ပါအစီအစဉ်ကို ရှုတ်ချဖို့ ဆိုးလ်မြို့တော်မှာ စုဝေးခဲ့ကြရာ တချို့က နျူကလီယား စွမ်းအင်သုံးစွဲမှုကိုတောင် ကန့်ကွက်ခဲ့ကြတာပါ။

နျူကလီးယားစွမ်းအင်အတွက် ဆိုးကျိုးတွေ မလိုလားကြောင်း၊ အဲဒီရေဆိုးတွေကို ဂျပန်ပြည်တွင်းမှာသာ ထားစေလိုကြောင်း၊ ပစိဖိတ်သမုဒ္ဒရာကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ ရေဆိုး စွန့်ပစ်တာဟာ ရေဒီယိုသတ္တိကြွပစ္စည်းတွေကြောင့် အဏ္ဏဝါဂေဟစနစ်ကို ပျက်ပြားစေကြောင်း စတဲ့ စာတန်းဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို စီစဉ်တဲ့ ကိုရီးယားရေဒီယိုသတ္တိကြွမှုစောင့်ကြည့်အဖွဲ့မှ တက်ကြွလှုပ်ရှားသူ ချွဲဂျောင်ဆက်က အခုလို ကန့်ကွက်တာဟာ ဂျပန်အစိုးရအတွက်သာမက လူသားအားလုံးအတွက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့လတုန်းက ပျက်စီးနေတဲ့ ဖူကူရှီးမားစက်ရုံထဲမှ စွန့်ပစ်ရေဆိုးတွေ သမုဒ္ဒရာထဲသို့ တဖြည်းဖြည်း စွန့်ပစ်ရန် တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ (TEPCO) ရဲ့ အငြင်းပွားဖွယ်အစီအစဉ်ကို ဂျပန်နျူကလီးယားစည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် အတည်ပြုခဲ့ပါတယ်။

အဲဒီစက်ရုံအတွင်းမှ နေ့စဉ်နေ့တိုင်း ရေဆိုး ကုဗမီတာ ၁၀၀ ခန့် ဆက်လက် ထုတ်လွှတ်နေတာကြောင့် စက်ရုံခြံဝင်းအတွင်းရှိ လှောင်ကန်ကြီးတွေမှာ စွန့်ပစ်စရာရေဆိုးတွေ ကုန်ခမ်းနေပြီဖြစ်ပါတယ်။

နိုင်ငံတကာ ဘေးကင်းရေး စံနှုန်းတွေနဲ့ ကိုက်ညီစေဖို့ အဲဒီရေတွေကို မိမိတို့သန့်စင်ထားကြောင်း ဂျပန် အာဏာပိုင်တွေက အကြိမ်ကြိမ် အခိုင်အမာ ပြောကြားခဲ့ကြပါတယ်။

အဲဒီလို အငြင်းပွားဖွယ်အစီအစဉ်ကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးချုပ် Rafael Grossi ထံမှ ထောက်ခံမှု ရရှိထားကြောင်း သိရပါတယ်။

Ref: RT
#voiceofmyanmar #VOM #SouthKoreans #upinarms #overJapan’s radioactiveplans

Related posts

Leave a Comment

VOM News

FREE
VIEW