ပြည်ပတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးဟောင်း သက်ဆင် ပါလီမန်မှာဝန်ကြီးချုပ်သစ်မရွေးချယ်မီ ထိုင်းပြန်ရောက်လာ

ဘန်ကောက်၊ သြဂုတ်-၂၂-၂၀၂၃
မျိုးဆက်(VOM)

ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ သြဂုတ် ၂၂ ရက်မနက်ပိုင်းမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

ထိုင်းပါလီမန်မှာ ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်မယ့်အချိန်မတိုင်မီ နာရီပိုင်းအလိုမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒွန်မောင်းလေဆိပ်မှာ ထောက်ခံသူရာပေါင်းများစွာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အာဏာအလွဲသုံးစားမှုနဲ့ စစ်တပ်ကဖြုတ်ချပြီးနောက် နှစ်နှစ်အကြာမှာ အာဏာအလွဲသုံးစားမှုနဲ့ ထောင်ချမခံရမီ ပြည်ပကိုထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၁၅ နှစ်အကြာမှာ ထိုင်းမြေကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

သက်ဆင်ရဲ့သမီးဖြစ်သူ ပန်ထောင်တန်ရှင်နာဝပ်ဟာ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ ဒုတိယမဲများဆုံး အနိုင်ရရှိခဲ့တဲ့ ဖြူထိုင်းပါတီကို ဦးဆောင်နေတာဖြစ်ပြီး ဖခင်ဖြစ်သူဟာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး တရားဥပဒေအတိုင်း စီရင်မှုခံမယ်လို့ သမီးဖြစ်သူကဆိုပါတယ်။ သက်ဆင်ဟာ သူ့အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး တရားရုံးမှာ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရွေးကာက်ပွဲတွင် မဲအများဆုံးအနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီရဲ့ ဝန်ကြီးချုပ်လောင်း ပီတာကတော့ ဝန်ကြီးချုပ်ဖြစ်လာရေး မဟာမိတ်တွေနဲ့ပါလီမန်မှာ နှစ်ကြိမ်တိုင်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လက်ရှိမှာတော့ ဖြူထိုင်းပါတီဟာ အစိုးရသစ်ဖွဲ့နိုင်ဖို့ ဦးဆောင်အားထုတ်မှုတွေမှာ နိုင်ငံရေးပါတီ ၁၄ ပါတီရဲ့ ထောက်ခံမှုရရှိထားကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters

#voiceofmyanmar #VOM #Thaksin Shinawatra #Divisiveex-PM #ReturnsThailand #after5 years

Related posts

Leave a Comment

VOM News

FREE
VIEW