တရုတ်အနောက်ပိုင်းမှာ ကျောက်မီးသွေးတွင်းမီးလောင်မှု လူ ၁၆ ယောက်သေဆုံး

ပေကျင်း၊ စက်တင်ဘာ-၂၅-၂၀၂၃
မျိုုးဆက်(VOM)

တရုတ်နိုင်ငံအနောက်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်းမီးလောင်မှုကြောင့် လူ ၁၆ ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက စက်တင်ဘာ ၂၅ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

အဲဒီမတော်တဆမှုဟာ ရှန်ကျောင်ရှူ ကျောက်မီးသွေးတွင်းမှာ နံနက် ၈ နာရီ ၁၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပန်ကျိုးမြို့တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ ပန်ကျိုးမြို့ရှိ အဲဒီကျောက်မီးသွေးတွင်းဟာ ပေကျင်းမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၃၆၀၀ အကွာမှာ တည်ရှိပါတယ်။

တရုတ်နိုင်ငံတွင်းရှိ သတ္တုတွင်းလုပ်ငန်းတွေမှာ မကြာသေးမီနှစ်များအတွင်း လုံခြုံရေးစံနှုန်းတွေ တိုးတက်လာပမယ့်လည်း စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့သတ္တုတွင်းမတော်ဆမှု ၁၆၈ ခုဖြစ်ပွားခဲ့ရာ ၂၄၅ ယောက်ထိ သေဆုံးခဲ့ကြောင်း တရုတ်အာဏာပိုင်တွေရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပေါ်စေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မှာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုပ်မှုတွေကို လျှော့ချမယ်လို့ ကတိပြုထားပေမယ့် ထောင်ပေါင်းများစွာသော ကျောက်မီးသွေးတွင်းတွေကို ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။

Ref: AFP
Photo: Reuters
#voiceofmyanmar #VOM #AtLeast16Killed #CoalMinefire #China

Related posts

Leave a Comment

VOM News

FREE
VIEW