မြင်းခြံမြို့နယ်မှာ ပြည်ခိုင်ဖြိုး ပါတီဝင် ၄ ဦး ပစ်သတ်ခံရ

စက်တင်ဘာ၂၈-၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ပျိုးကန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင် ၄ ဦးကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနက် ၇ နာရီဝန်းကျင်က ဖြစ်တာပါ ၊ သေဆုံးသူတွေကတော့ ဦးခင်မောင်ထွေး(ခ)ဦးကျင်စိုး၊၅၄နှစ်၊ သူ့မိန်းမ ဒေါ်သန်းကြည် (ခ)ဒေါ်စိန်တင်၊၅၃နှစ် ၊ ဒေါ်လုံး၊ ၅၄ နှစ် ၊ ဦးကျော်မိုး ၊၅၃ နှစ်၊ဖြစ်တယ် ၊ သူတို့ ၄ ယောက်က အိမ်ထဲမှာ စကားပြောနေကြတုန်း ဒလန်မိသားစုတွေလို့ ပြောပြီး ပစ်သတ်သွားတာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သေဆုံးသူတွေထဲက ဒေါ်သန်းကြည် ဆိုသူဟာ ပျိုးကန်ကျေးရွာ ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်လှိုင်ရဲ့ညီမအရင်းတော်စပ်တယ် ၊ ဒေါ်လုံးဆိုသူက ဦးကျင်စိုး၊ ဒေါ်သန်းကြည်တို့နဲ့ခမည်းခမက်တော်စပ်တယ် ၊ သေဆုံးသူ ဦးကျော်မိုး ဆိုသူက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတဦးဖြစ်တယ်လို့ စစ်ဆေးချက်အရ သိရတယ်၊ အဲ့ဒီအမှုကို အရေးယူထားတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းအတွင်း ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး ၊ ငါးဇွန် ၊ မတ္တရာ ၊ စဥ့်ကူး ၊ သပိတ်ကျင်းစတဲ့ မြို့နယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ၊ စျေးသည်တွေ ၊ ဌာနဆိုင်ရာ ဝန်းထမ်းတွေ ၊ ဘုန်းကြီးတွေ ၊ ပရဟိတသမားတွေ လူပေါင်း ၃၀၀ ကျော် အသတ်ခံရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြင်းခြံ #ပြည်ခိုင်ဖြိုးပါတီဝင်လေးဦး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW