ယင်းမာပင် ရွှေတောင်ဦးမှာ ပစ်ခတ်ခံရလို့ ရဲ ၂ ဦး သေ ၊ ၁ ဦးဒဏ်ရာရ

အောက်တိုဘာ ၊ ၃ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ရွှေတောင်ဦး အောင်ဇေယျမြို့သစ်မှာရှိတဲ့ ရဲကင်းစခန်းအဟောင်းနားမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှာဖြစ်ပွားလို့ ရဲတွေ သေဆုံး ၊ ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနက်က ရဲတပ်ရင်း ၂၈ အဖွဲ့နဲ့ ရွှေတောင်ဦး ရဲကင်းမှူးတို့ စျေးထွက်ဝယ်တဲ့အချိန် ရဲကင်းနားကနေ ချောင်းပြီး ပစ်ခတ်ခံရတယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ရဲတပ်ရင်း ၂၈ က ၂ ယောက်သေပြီး ရွှေတောင်းဦး ရဲကင်းမှူး ဒုရဲအုပ် အောင်မိုးလွင်က ဒဏ်ရာရတယ်လို့ ကနဦးသိရတယ် ” လို့ ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒေသခံ ပရဟိတသမားတယောက်က ” ဒီရက်ပိုင်းတည်း ရဲတပ်ဖွဲ့ဝင်တွေရော ၊ ပြည်သူ့စစ်ပါ အသေအပျောက်တွေရှိတယ် ၊ ဒါတင်မကဘူး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း အသေအပျောက်များတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာက တစ်လအတွင်း စစ်ကိုင်းတိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
” ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းကလည်း အရာတော်မြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင် စစ်သား ၃ ဦး ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂ ရက် မနေ့ကလည်း ချောင်းဦးမြို့နယ် ၊ ရွှေလှေရွာနားမှာ တိုက်ပွဲဖြစ်လို့ ဒေသတွင်း လက်နက်ကိုင်ထားသူတွေ ၁၀ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW