အာဖဂန်ဒုက္ခသည် ၁ ဒသ မ ၇ သန်းကို နိုင်ငံတွင်းက ထွက်ခွာဖို့ ပါကစ္စတန်အမိန့်ထုတ်

အစ္စလာမ္မာဘတ်၊ အောက်တိုဘာ-၄-၂၀၂၃
မျိုးဆက်(VOM)
ပါကစ္စတန်အစိုးရဟာ တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းကိုရောက်ရှိ ခိုလှုံခွင့်တောင်းနေတဲ့ အာဖဂန်ဒုက္ခသည် ၁ ဒသမ ၇ သန်းကို နိုင်ငံတွင်းနေ နိုဝင်ဘာလအတွင်းမှာ ထွက်ခွာဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ယခုနှစ်အတွင်း နယ်စပ်တလျှောက်မှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာပြီးနောက် ပါကစ္စတန်နဲ့ အာဖဂန်စ္စတန်အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
အာဖဂန်နစ္စတန်အခြေစိုက် စစ်သွေးကြွတွေဟာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း ပါကစ္စတန်က အပြစ်တင်ပြောဆိုထားပြီး အာဖဂန်ရဲ့ တာလီဘန်အစိုးရကတော့ ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း အာဖဂန်နယ်စပ်အနီး ဗလီတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံးခဲ့ပြီးနောက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းမယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း အာဖဂန်မှာ တာလီဘန်တွေ အာဏာရလာပြီးနောက်ပိုင်း ပါကစ္စတန်ဟာ အာဖဂန်ဒုက္ခသည်တွေကို လက်ခံခဲ့ပြီး ဒုက္ခသည် ၁ ဒသမ ၃ သန်းတရားဝင်စာရင်းသွားထားပြီး ဒီထဲက ကိုးသိန်းနီးပါဟာ ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ရရှိခဲ့ကြောင်း ကုလသမဂ္ဂကပြောပါတယ်။
ဒါပေမယ့်လည်းနောက်ထပ် ၁ ဒသမ ၇ သန်းကတော့ တရားမဝင်ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ဘတ်တီက ပြောဆိုထားပြီး လကုန်ပိုင်းမှာ နိုင်ငံတွင်းကမထွက်ခွာရင် ပြည်နှင်ဒဏ်ပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သူကပြောဆိုပါတယ်။
Ref:BBC

Related posts

✕
VOM News

FREE
VIEW