အိန္ဒိယမြောက်ပိုင်းမှာ ဘတ်စ်ကားတစီး ချောက်ထဲထိုးကျလို့ လူ ၃၆ ယောက်သေဆုံး

 

 

ဒေလီ၊ နိဝင်ဘာ-၁၆

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျမှုကြောင့် လူ ၃၆ ယောက်သေဆုံးပြီး ၁၉ ယောက်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ဘတ်စ်ကားဟာ ဒိုဒါခရိုင်ရှိ ပေ ၃၀၀ အနက်ရှိတဲ့ ချောက်ထဲကို တိမ်းမှောက်သွားချိန်မှာ ကားပေါ်မှာ ခရီးသည် ၅၀ ကျော်ပါဝင်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါဘူး။ မတော်တမဆမှုကြောင့် လူသေဆုံးမှုတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ဝန်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုထားပြီး သေဆုံးသူမိသားစုတွေအတွက် ထောက်ပံ့မှုတွေပေးမယ်လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်တွေနဲ့ ဆေးရုံပို့ထားပြီး သူတို့ထဲက ခြောက်ဦးဟာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ အထူးသဖြင့် မြို့ငယ်တွေမှာ ဘတ်စ်ကားဟာ လူသုံးအများဆုံး သယ်ယူပို့ဆောင်ရေး ဖြစ်ပါတယ်။

ဒါပေမာ့် လမ်းအန္တရာယ်ကင်းရှင်းရေးကတော့ နာမည်ဆိုးနဲ့ ကျော်ကြားပြီး စည်းကမ်းမလိုက်နာတဲ့ မောင်းနှင်မှု၊ လမ်းတွေယိုယွင်းပျက်စီးမှုကြောင့် နှစ်စဉ်ယာဉ်မတော်တဆဖြစ်ပွားပြီး လူတသိန်းကျော်သေဆုံးမှုရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဟိမဝန္တာပြည်နယ် ဥတာရာခန်းပြည်နယ်မှာ မင်္ဂလာပွဲသွားသူတွေကို တင်ဆောငပြတဲ့ ဘတ်စ်ကားတစီး ချောက်ထဲထိုးကျမှုကြောင့် လူ ၂၅ ယောက်သေဆုံးခဲ့ပါတယ်။

Ref:BBC

Photo:ANI

Related posts

Leave a Comment

VOM News

FREE
VIEW