ပန်ဆိုင်း (ကြူကုတ်)မြို့ အနီး စစ်တပ်နဲ့ MNDAA တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

 

နိုဝင်ဘာ ၁၆၊ ၁၀၂၃

Shy V (VOM)

တရုတ် – မြန်မာ နယ်စပ်၊ ပန်ဆိုင်း (ကြူကုတ်)မြို့ အနီး စစ်တပ်နဲ့ MNDAA ဆက်လက် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက် ပန်ဆိုင်းဘက် တော်တော် ပြင်းထန်နေတယ်။ အသံက နည်းနည်း နှောနှော မဟုတ်ဘူး။ ဝမ်တိန်ကနေ တောင်ကြားရတယ်။ ဝုန်းကနဲ ဆို လေယာဉ်ဗုံး လို့တောင် ထင်တယ်။ ကျွန်မ ကလေး ကျောင်းသွားပို့ တုန်းက မိုးတောင် သိပ်မလင်းသေးဘူး အသံတွေကြားနေရတယ်။” လို့ တရုတ်ဘက်က နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။

“ဟို တရုတ်ဘက်ခြမ်းထဲ လက်နက်ကြီး ကျတယ်။ တရုတ်ဘက် ဝမ်တိန်။ ပန်ဆိုင်း နဲ့ နယ်စပ်မှာ။ မီးခိုး အခုထိ ထွက်နေတယ်။” လို့ မျက်မြင် ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိတိုက်ပွဲ ဖြစ်ပွားနေတဲ့ မြန်မာဘက်၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နဲ့ ထိစပ်နေတဲ့ တရုတ်ဘက်ခြမ်း ဝမ်တိန်မြို့က ဒေသခံ‌တွေကို တရုတ်အစိုးရက အခု နိုဝင်ဘာ ၁၃ ရက်နေ့ကစ မြို့လုံးကျွတ် တိုက်ပွဲ ရှောင်ခိုင်းထားတာလို့ ဝမ်တိန် ဒေသခံ တယောက်က ပြောပါတယ်။

ယမန်နေ့ည ညပိုင်း ၉ နာရီခွဲကျော်ခန့်က ပန်ဆိုင်း (ကြူကုတ်) အနီးတိုက်ပွဲ ဖြစ်ပွားပြီး တရုတ်ဘက်ခြမ်း ဝမ်တိန်မှာ လက်နက်ကြီး ကျည်ကျတာမျိုး ရှိကြောင်း နယ်စပ် ဒေသခံတွေက ပြောပါတယ်။

“ဟို တရုတ်ဘက်ခြမ်းထဲ လက်နက်ကြီး ကျတယ်။ တရုတ်ဘက် ဝမ်တိန်။ ပန်ဆိုင်း နဲ့ နယ်စပ်မှာ။ မီးခိုး အခုထိ ထွက်နေတယ်။” လို့ မျက်မြင် ဒေသခံ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းနဲ့ ၂၉ ရက်နေ့ ညနေပိုင်းမှာလည်း ပန်ဆိုင်းဘက် နှစ်ဖက် တိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်း ဝမ်တိန်မြို့ဘက် လက်နက်ကြီး ကျခဲ့ ဖူးပါတယ်။

Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW