ပဉ္စမမြောက် သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲဝင်ဦးမယ်လို့ ရုရှားသမ္မတပူတင် ကြေညာ

 

မော်စကို၊ ဒီဇင်ဘာ-၉-၂၀၂၃

မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ သူ့ရဲ့ ပဉ္စမမြောက်သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီး ထပ်မံရွေးချယ်ခံမယ်လို့ ပူတင်က ထုတ်ဖော်ကြေညာလိုက်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အပြည့်အ၀ စစ်ပွဲဆင်နွှဲရာမှာ ပါဝင်ခဲ့သူတွေကို ဆုပေးပွဲအခမ်းအနားမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ် ၁၅ ရက်ကနေ ၁၇ ရက်ထိ ကျင်းပသွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီးနောက် ပူတင်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပူတင်ဟာ ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၂ ခုနှစ်မှာ ပြင်ဆင်ခဲ့ပြီး သမ္မတသက်တမ်းကို လေးနှစ်ကနေ ခြောက်နှစ်ထိ တိုးမြှင့်ခဲ့ပြီး သူ့ရဲ့ လွန်ခဲ့တဲ့ သမ္မတသက်တမ်းတွေကို ပယ်ဖျက်လိုက်တာကြောင့် သမ္မတအဖြစ် ထပ်မံယှဉ်ပြိုင်ခွင့် ရှိနေခဲ့တာပါ။

မတ်လရွေးကောက်ပွဲမှာ ပူတင်အနိုင်ရခဲ့မယ်ဆိုရင် သူဟာ သမ္မတအဖြစ် ၂၀၃၀ ခုနှစ်ထိ ထမ်းဆောင်ခွင့်ရမှာဖြစ်ပြီး ဒီသက်တမ်းကုန်လို့ ထပ်မံယှဉ်ပြိုင်ဦးမယ်ဆိုရင် ၂၀၃၆ ခုနှစ်ထိ နောက်ထပ်ခြောက်နှစ်တာ တာဝန်ထမ်းဆောင်နိုင်သေးပါတယ်။

အသက် ၇၁ နှစ်အရွယ် သမ္မတပူတင်ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတရွေးကောက်ပွဲမှာ သူနဲ့အပြိုင်ယှဉ်ပြိုင်မယ့် အတိုက်အခံမရှိသလောက်ဖြစ်ပြီး ရုရှားမီဒီယာတွေဟာလည်း သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ အလုံးစုံရှိနေပါတယ်။ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကတော့ ပြည်သူအများစုဟာ ပူတင်ကို ခေါင်းဆောင်အဖြစ် ဆက်ရှိနေစချင်ကြတယ်လို့ ပြောပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

VOM News

FREE
VIEW