တောင်ကိုရီးယားကို တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အချက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြောက်ကိုရီးယား ထည့်သွင်းဖွယ်ရှိ

 

ပြုံးယမ်း၊ ဇန်နဝါရီ-၁၆-၂၀၂၄

မျိုးဆက်(VOM)

မြောက်ကိုရီးယားနိုင်ငံ&JU ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ကင်ဂျုံအန်က ညွှန်ကြားထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ တကယ်လို့စစ်ပွဲဖြစ်လာရင် တောင်ကိုရီးယားကို တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အချက်ကို မြောက်ကိုရီးယားက ထည့်သွင်းဖွယ်ရှိနေပါတယ်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချလိုပြီး ပြန်လည်ပေါင်းစည်းရေးအတွက် မိတ်ဖက်အဖြစ် မရှုမြင်သင့်ကြောင်း ဇန်နဝါရီ ၁၆ ရက်က လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ ကင်ဂျုံအန်က ပြောဆိုခဲ့တယ်လို့ အာဏာရပါတီရဲ့ ရိုဒေါင်ဆင်မွန်သတင်းစာက ဖော်ပြပါတယ်။

အကယ်၍ စစ်ပွဲဖြစ်လာခဲ့ပါက တောင်ကိုရီးယားကို မြောက်ကိုရီးယားက တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အချက်ကို ဖွဲ့စည်းပုံအခြခံဥပေဒမှာ ထည့်သွင်းဖို့နဲ့ တောင်ကိုရီးယားကို နံပါတ် ၁ ရန်လိုတဲ့ နိုင်ငံအဖြစ် ထည့်သွင်းသတ်မှတ်ဖို့ ကင်ဂံျုအန်က တိုက်တွန်းပြောဆိုခဲ့ကြောင်း သတင်းစာက ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနု့ ဆက်ဆံရေးရုံးအဖြစ် တာဝန်ယူထားတဲ့ အဖွဲ့အစည်းသုံးခုကို ဖျက်သိမ်းဖို့လည်း လွှတ်တော်ကဆုံးဖြတ်ခဲ့ပြီး အဲဒီအဖွဲ့တွေကတော့ ပြန်လည်ပေါင်းစည်းရေးကော်မတီ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဗျူရိုနဲ့ ခရီးသွားလုပ်ငန်းတာဝန်ခံအဖွဲ့တို့ ဖြစ်ပါတယ်။

တောင်ကိုရီးယားကို ပြန်လည်ပေါင်းစည်းရေးအတွက် အလားအလာရှိတဲ့ မိတ်ဖက်အဖြစ်ထည့်သွင်း စဉ်းစားတော့မှာမဟုတ်ကြောင်း၊ ကိုရီးယားနှစ်နိုင်ငံကြားဆက်ဆံရေးဟာ ရန်လိုတဲ့နိုင်ငံတွေဖြစ်လာကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဒီဇင်ဘာနှောင်းပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK

Photo: Yonhap

 

Related posts

Leave a Comment

VOM News

FREE
VIEW