အပစ်ရပ်ပြီးနောက်ပိုင်း ရှမ်းမြောက်စစ်ရေးအခြေအနေ

 

ဇန်နဝါရီ ၁၆၊ ၂၀၂၄

Shy V (VOM)

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ နစကတို့အကြား ပြီးခဲ့တဲ့ရက်ပိုင်းက အပစ်ရပ်ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းတပ်မတော် (TNLA) အခြေချ နေရာယူထားတဲ့ ကျောက်မဲမြို့နယ်ရှိ “ငြိမ်းချမ်းရေးကုန်း” မှာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ခန့်ကစ ၂ နာရီခန့်ကြာ အမှတ် ၅၀၁ နဲ့ ၅၀၂ စစ်တပ် နဲ့ TNLA တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနက သတင်း ထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

“အပစ်ခတ်ရပ်စဲရေး သဘောတူပြီးနောက် ထိတွေ့တိုက်ပွဲ ဖြစ်တာက ကျောက်မဲ မှာပါပဲ။ တိုက်ပွဲ မရှိပဲနဲ့ လက်နက်ကြီး ပစ်ခတ်တာတော့ ရှိတယ်။ နမ့်ဆန်မြို့နယ်၊ ကွယ်ဟယ်ရွာ၊ နမ္မတူမြို့နယ်၊ မန်လီရွာ တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတာရှိတယ်။ လားရှိုးမြို့နယ်နဲ့ ကျောက်မဲ မြို့နယ်တွေမှာ လက်နက် ကြီးပစ်ခတ်မှုတွေရှိတယ်။ နမ္မတူမြို့မှာတော့ အေးဆေးပါပဲ။ ပုံမှန် ပြန်လည်ပတ်နေပြီ။ တချို့ ရှိနေတဲ့ အစိုးရဝန်ထမ်းတွေနဲ့ TNLA ပူးပေါင်းအဖွဲ့တွေနဲ့ အတူတူ ပူးပေါင်းပြီးတော့ စည်ပင်တို့၊ လျှပ်စစ်တို့ အလုပ်လုပ်နေတာ တွေ့ရတယ်” လို့ ‌ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာ ဘက်ကတော့ ဖုန်းအဆက်အသွယ် ပြန်တောက်နေတာကြောင့် ဘာမှ မသိရဘူးလို့ သူက ပြောပါတယ်။

မန်တုံဒေသခံတယောက်ကဝောာ့ တအာင်း (ပလောင်) အိမ်တွေ၊ တအာင်း (ပလောင်) အမျိုးသား နဲ့ လက်ထပ်ထားတဲ့ မိသားစု‌တွေ၊ တအာင်း (ပလောင်) အမျိုးသမီး နဲ့ လက်ထပ်ထားတဲ့ မိသားစုတွေ ထဲက မိသားစုဝင်တွေကို တအိမ် တစ်ယောက် စစ်သားစုဆောင်းလာနေပြီလို့ ပြောပါတယ်။

အရှေ့မြောက် ကုန်သွယ်ရာ လမ်းကြောင်းပေါ်ရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာရှိ စစ်တပ် ၁၂၃ စခန်းကိုတော့ ဇန်နဝါရီ ၁၄ ရက်ည နဲ့ ၁၅ ရက် မနက် အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့က သိမ်းလိုက်ကြောင်း သတင်းတွေထွက်ပေါ်နေတာရှိပေမယ့် ဖုန်းလိုင်းပြတ်ဝောက်နေတာကြောင့် ရွာခံတွေနဲ့ ချိတ်အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အစိုးရ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထုတ်ပြန်ချက် အမိန့်အမျိုးမျိုးနဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေတွေ ဇန်နဝါရီ ၁၄ ရက်နေ့ကစ ပျက်ပြယ်ပြီဖြစ်ကြောင်း ကိုးကန့် MNDAA ဘက်က အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေတွေနဲ့ အစားထိုးသွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

“ကိုးကန့်တွေ ရထားတဲ့ ဒေသ အကုန်လုံး အိမ်ထောင်စုရော မှတ်ပုံတင်ရော လုပ်ပေးနေတယ်။ Smart Card ပုံစံမျိုးလေ။ သူတို့လုပ်ပေးတဲ့ မှတ်ပုံတင်နဲ့ဆိုရင် တရုတ်ပြည်သွားရင် Passport မလိုတော့ဘူးလို့ ပြောတယ်။ ကိုးကန့် ဘက်ကလည်း စစ်သား စုဆောင်းတာတွေရှိတယ်။ တအိမ်မှာ သားသမီး ၅ ယောက် ရှိရင် ၂ ယောက်လုပ်ရမယ်တဲ့။ အသက် ၁၃ နှစ် တောင်ယူပြီ။ တချို့ကတော့ ကိုးကန့် အုပ်ချုပ်မှုအောက် မနေချင်လို့ တအိမ်လုံး မြို့ထဲ ပြောင်းသွားကြတယ်။” လို့ မုံးကိုး ဒေသခံ တယောက်က လက်ရှိ အခြေအနေကို ပြောပြပါတယ်။

မူဆယ်မြို့နဲ့ အနီး ဝန်းကျင်မှာဝောာ့ အပစ်အခတ်ရပ်စဲ ထားတဲ့နောက် တိုက်ပွဲ ဖြစ်ပွားဝာာမျိုးမရှိပေမယ့် တခါတရံ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရဝာာရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လားရှိုးမြို့ထဲမှာ ပစ်ခတ်သံ ကြားရပေမယ့် လက်ရှိမှာ အပစ်အခတ်ရပ်စဲထားတာကြောင့် ငြိမ်းချမ်းနေတယ်လို့ လားရှိုး မြို့ခံ အမျိုးသား တယောက်က ပြောပါတယ်။

အပစ်အခတ် ရပ်စဲ နေပေမယ့် တချို့ ဒေသခံ စစ်ရှောင်တွေက နေအိမ်ပြန်ဖို့ အဆင်မပြေကြသေးသလို တချို့ ဒေသခံတွေက နေအိမ်တွေ ထိခိုက်ပျက်စီးသွားတာကြောင့် ပြန်စရာနေအိမ် မရှိတော့ကြောင်းနဲ့ အပစ်ခတ် ရပ်စဲဖို့ သဘောတူထားတယ်လို့ သိရပေမယ့် တိကျတဲ့ အချိန်တွေ ဖော်ပြမထားတာကြောင့် အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်ပွားနိုင်လို့ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ လက်ရှိ စစ်ရေးတင်းမာနေပြီး တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေရတဲ့ နေရာတွေကတော့ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ် စတဲ့ မြို့နယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်တပ်ရဲ့ အမျိုးသား စည်းလုံးညီညွတ် ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြတဲ့ MNDAA, TNLA, AA တို့ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အခုလ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ နှစ်ရက်တာ ဆွေးနွေးချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်‌နေ့ည ၉ နာရီခန့် ကစပြီး နှစ်ဖက်တပ်တွေ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထိတွေ့မှုမရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာတွေနဲ့ ပစ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့ ဖြေရှင်းရေး တို့ကို သဘောတူညီမှု ရခဲ့ကြောင်း နှစဖက် ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

Photo Crd#ဒေသခံ

 

Related posts

Leave a Comment

VOM News

FREE
VIEW