ဂါဇာမှာ အရပ်သားတွေကို ပိုမိုကာကွယ်ဖို့ အစ္စရေးကို အိုင်စီဂျေ အမိန့်ထုတ်

 

သည်ဟိဂ်၊ ဇန်နဝါရီ-၂၇-၂၀၂၄

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အရပ်သားတွေကို ပိုမိုကာကွယ်ပေးဖို့ ကုလသဂ္ဂရဲ့ အိုင်စီဂျေက အမိန့်ထုတ်လုပ်ပေမယ့် ဒီစစ်ပွဲကို ရပ်တန့်ဖို့တော့ တောင်းဆိုခဲ့ခြင်းမရှိပါဘူး။

အစ္စရေးအနေနဲ့ ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုပြီး တောင်အာဖရိကနိုင်ငံက အိုင်စီဂျေမှာတိုင်ကြားခဲ့တာဖြစ်ပြီး စစ်ဆင်ရေးတွေ ချက်ချင်းအဆုံးသတ်ဖို့ကိုပါ တောင်းဆိုထားပါတယ်။

အစ္စရေးကတော့ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပယ်ချထားပါတယ်။ လက်ရှိမှာလည်း အိုင်စီဂျေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားဖြတ်အစီအမံတရပ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေတိုးတက်ကောင်းမွန်ရေး လုပ်ဆောင်ရမယ်လို့ အိုင်စီဂျေကဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒါဟာ ဂျူးနိုင်ငံတနိုင်ငံကို ပြောင်ပြောင်တင်းတင်း ခွဲခြားဆက်ဆံတာလို့ ပြောပါတယ်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး Riyad al-Maliki ကတော့ အိုင်စီဂျေရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေလုပ်နေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ တာဝန်ရှိတယ်လို့ တိုက်တွန်းထားပါတယ်။

Ref:NHK

Photo:Aljazeera

 

Related posts

Leave a Comment

VOM News

FREE
VIEW