အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝီ ထောက်ခံမှုမြင့်မားနေ

ဂျကာတာ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၄
မျိုးဆက် (VOM)

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တိုဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနှုန်းအမြင့်ဆုံးနဲ့ ဦးဆောင်နေတယ်လို့ ရွေးကောက်ပွဲစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

သမ္မတလောင်းသုံးယောက် အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲမှာ ပရာဘိုဝိုဟာ လူထုထောက်ခံမှုနှုန်း ၅၀ ရာခိုင်နှုန်းကျော်ထိရှိတယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ ရွေးကောက်ပွဲ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အခြားကိုယ်စားလှယ်လောင်းနှစ်ယောက်ကတော့ ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ်ဘတ်စ်ဝီဒန်နဲ့ အလယ်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရာနိုဝိုတို့ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းသုံးယောက်ဟာ မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ဂျကာတာနဲ့ အခြားနေရာတွေမှာ လူထုစုဝေးပွဲတွေ အကြီးအကျယ်ပြုလုပ်ခဲ့ကြပါတယ်။

ပရာဘိုဝိုကတော့ အုပ်ချုပ်ရေးမူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ ကတိပြုထားပြီး ပြည်သူများ သာယာဝပြောရေးအတွက် ယခင်သမ္မတများ လမ်းစဉ်အတိုင်း ဆက်လက်အကောင်အထည်ဖော်မယ်လို့ ကတိပြုပြောဆိုထားပါတယ်။

ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ်က လက်ရှိအုပ်ချုပ်မှုစနစ်ကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပြီး ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ဝေးကွာသွားတယ်လို့ ဆိုထားပြီ ကျန်ကိုယ်စားလှယ်လောင်းဖြစ်သူ ဂန်ဂျာကတော့ နိုင်ငံတိုးတက်ရေးအတွက် ကတိပြုထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ လူဦးရေအများဆုံးနဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတနိုင်ငံဖြစ်ပါတယ်။

Ref:NHK
Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW