ပြည်သူ့စစ်မှုထမ်းဥပဒေ ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေ မြင့်တက်

  ဖေဖော်ဝါရီ ၁၁ – ၂၀၂၄ SN (VOM) နစက က အတည်ပြု အသက်သွင်းလိုက်တဲ့ အသက် ၁၈ ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ပြည်သူ့စစ်မှုထမ်းကို စတင်ကျင့်သုံးတော့မယ်လို့ နစက က မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ နဲ့ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်ပြီး အာဏာတည်စေရမှာဖြစ်ကြောင်း ဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်တယ်လို့…

Read More

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာကျူးလွန်သူကို လွတ်ငြိမ်းချမ်းသာပေးခဲ့မိလို့ ဟန်ဂေရီသမ္မတ ရာထူးကနေ နှုတ်ထွက်

  ဘူဒါပက် ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ဟန်ဂေရီသမ္မတဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကျူးလွန်ခဲ့သူ အမျိုးသားတယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆုံးဖြတ်ချက်ကြောင့် နှုတ်ထွက်ကြောင်း ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှတ်စဉ် ကြေညာလိုက်ပါတယ်။ သမ္မတနိုဗက်ဟာ အစိုးရပိုင် ကလေးသူငယ်စောင့်ရှောက်ရေးဌာနက ညွှန်ကြားရေးမှူးတယောက်ကျူးလွန်ခဲ့တဲ့ စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာပေးခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတနိုဗက် ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြမှုတွေလည်း ဟန်ဂေရီမှာ ကြီးထွားလာပါတယ်။ သမ္မတကတော့ နောက်ပိုင်းမှာ တောင်းပန်ခဲ့ပြီး ဒီလူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ အမှားဖြစ်တယ်လို့ ပြောဆိုပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြုခဲ့တဲ့ တရားရေးဝန်ကြီးဟောင်း ဂျူဒစ်ဗာဂါဟာ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့အာဏာရပါတီအတွက် ဥရောပရွေးကောက်ပွဲတွေမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ နှုတ်ထွက်ခဲ့ပါတယ်။ ပုပ်ရဟန်မင်းကြီး ဖရန့်စစ်ရဲ့ ဟန်ဂေရီခရီးစဉ် တစိတ်တပိုင်းအဖြစ် ယမန်နှစ်ဧပြီလက သမ္မတနိုဗက်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ လူ ၂၅ ယောက်ရဲ့ အမည်စာရင်းကို ဟန်ဂေရီအခြေစိုက်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၉၀ ကျပ် ဝယ်ဈေး – ၂၅၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၉ ကျပ် ဝယ်ဈေး – ၇၃၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၁ ကျပ် ဝယ်ဈေး – ၄၈၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝီ ထောက်ခံမှုမြင့်မားနေ

ဂျကာတာ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၄ မျိုးဆက် (VOM) အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တိုဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနှုန်းအမြင့်ဆုံးနဲ့ ဦးဆောင်နေတယ်လို့ ရွေးကောက်ပွဲစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ သမ္မတလောင်းသုံးယောက် အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲမှာ ပရာဘိုဝိုဟာ လူထုထောက်ခံမှုနှုန်း ၅၀ ရာခိုင်နှုန်းကျော်ထိရှိတယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ ရွေးကောက်ပွဲ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အခြားကိုယ်စားလှယ်လောင်းနှစ်ယောက်ကတော့ ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ်ဘတ်စ်ဝီဒန်နဲ့ အလယ်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရာနိုဝိုတို့ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းသုံးယောက်ဟာ မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ဂျကာတာနဲ့ အခြားနေရာတွေမှာ လူထုစုဝေးပွဲတွေ အကြီးအကျယ်ပြုလုပ်ခဲ့ကြပါတယ်။ ပရာဘိုဝိုကတော့ အုပ်ချုပ်ရေးမူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ ကတိပြုထားပြီး ပြည်သူများ သာယာဝပြောရေးအတွက် ယခင်သမ္မတများ လမ်းစဉ်အတိုင်း ဆက်လက်အကောင်အထည်ဖော်မယ်လို့ ကတိပြုပြောဆိုထားပါတယ်။ ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ်က လက်ရှိအုပ်ချုပ်မှုစနစ်ကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပြီး ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ဝေးကွာသွားတယ်လို့…

Read More

This Day in History

Voice of Myanmar အာရပ်နွေဦးခေါ် ဒီမိုကရေစီလိုလားသည့် လူထုအုံကြွမှုကြီး၏ တစိတ်တပိုင်းအဖြစ် အီဂျစ်နိုင်ငံတဝန်းတွင် ဆန္ဒပြမှုများအကြီးအကျယ်ဖြစ်ပွားပြီးနောက် နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော်ကြာ အာဏာရယူအုပ်ချုပ်ခဲ့သော သမ္မတ ဟိုစ်နီမူဘာရတ်သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်၌ ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။

Read More

နအဖခေတ် ၂၀၁၀ နိုဝင်ဘာ ၄ရက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

နအဖခေတ် ၂၀၁၀ နိုဝင်ဘာ ၄ရက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW