တရုတ်နိုင်ငံ နန်ကျင်းမှာ အထပ်မြင့်တိုက်မီးလောင်မှု ၁၅ ယောက်သေပြီး ၄၄ ယောက်ဒဏ်ရာရ

ပေကျင်း၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံတခု မီးလောင်မှုကြောင့် လူ ၁၅ ယောက်သေဆုံးပြီး ၄၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၄ ရက်မှာပြောပါတယ်။

မီးလောင်မှုဟာ လျှပ်စစ်ဆိုင်ကယ်တွေထားရှိရာ အဆောက်အအုံရဲ့ ပထမထပ်ကနေ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်ခဲ့တဲ့ အထပ်မြင့်တိုက်ဟာ ရှန်ဟိုင်းမြို့အနောက်မြောက်ဘက် ကီလိုမီတာ ၂၆၀ အကွာမှာရှိပြီး လူရှစ်သန်းနေထိုင်တဲ့ နန်ကျင်းမြို့ရဲ့ ယူဟွာတိုင်ခရိုင်မှာ တည်ရှိပါတယ်။

မီးငြှိမ်းသတ်ရန် မီးသတ်ကား ၂၅ စီးထိ အသုံးပြုခဲ့ရပြီး ဒဏ်ရာရသူ ၄၄ ယောက်ကို ဆေးရုံပို့ပေးထားပြီး တယောက်မှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောပါတယ်။

ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းများ လျော့ရဲခြင်းနှင့် လိုက်နာမှုနည်းပါးခြင်းတို့ကြောင့် တရုတ်နိုင်ငံမှာ လူအသေအပျောက်ရှိတဲ့ မီးလောင်ကျွမ်းမှုတွေ မကြခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

Ref:AFP
Photo:Getty Images

Related posts

✕
VOM News

FREE
VIEW