ကောလင်းနယ်မှာ တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်းအတွင်း မီးလောင်ပျက်စီးတာတွေ များပြားလာ

  ဖေဖော်ဝါရီ ၊ ၂၄ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့နယ်မှာ နစက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြို့နားနီး ကျေးရွာတချို့ မီးလောင်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ကောလင်းနယ်ခံ တိုက်ပွဲရှောင်လာတဲ့ ဒေသခံ တယောက်က ” ဖေဖော်ဝါရီ ၁ ရက်ကစပြီး မြို့ပေါ်က လူတွေနဲ့ မြို့နားနီးရွာတွေက လူတွေအားလုံး တိုက်ပွဲရှောင်နေတာ ဒီကနေ့အထိဖြစ်တယ် ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကစလို့ တိုက်ပွဲတွေစဖြစ်တယ် ၊ ဖေဖော်ဝါရီ ၁၇ ရက်နောက်ပိုင်းမှာ ကောလင်းမြို့ပေါ်က လူနေရပ်ကွက် ၈ ခုက…

Read More

တလအတွင်း ဒုတိယမြောက် ရုရှားသူလျှိုလေယာဉ်တစင်းကို ယူကရိန်းစစ်တပ် ပစ်ချ

  ကိယက်ဗ်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းစစ်တပ်ဟာ ရုရှားရဲ့ အေ-၅၀ သူလျှိုလေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့ပြီး ဒါဟာ တလအတွင်း ဒုတိယမြောက် ရုရှားစစ်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ ရုရှား သူလျှိုလေယာဉ်ဟာ ယူကရိန်းရှေ့တန်းမှ ၁၂၄ မိုင်အကွာ ရုရှားနိုင်ငံ ရော့ဗ်အွန်ဒန်နဲ့ ကက်စ်နိုဒါ မြို့အကြားမှာ ပျက်ကျခဲ့တာလို့ ယူကရိန်းစစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကာနက်ဗ်စကွိုင်ခရိုင်မှာ လေယာဉ်အပျက်အစီးတွေ တွေ့ရှိခဲ့ပြီး မီးလောင်နေတဲ့ အပိုင်းအစတွေကို ငြိမ်းသတ်ခဲ့တယ်လို့ အရေးပေါ်ဌာနက ထုတ်ပြန်ပါတယ်။ ရုရှားကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ ယူကရိန်းလေတပ်အကြီးအကဲ မိုင်ကိုလာအိုလက်စ်ချော့ခ်ကတော့ ရုရှားလေယာဉ်ကို ပစ်ချနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် ယူကရိန်းစစ်တပ်ကို ချီးကျူးပြောဆိုထားပါတယ်။ ယူကရိန်းဟာ ရုရှားရဲ့ အေ-၅၀ သူလျှိုလေယာဉ်တစင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ပစ်ချနိုင်ခဲ့ပါတယ်။ ရုရှားမှာ ဒီလေယာဉ်အမျိုးအစား ခြောက်စင်းသာရှိနိုင်တယ်လို့ ဗြိတိန်ထောက်လှမ်းရေးက ဆိုပါတယ်။ ရုရှားတိုက်လေယာဉ်တွေအတွက်…

Read More

တရုတ်နိုင်ငံ နန်ကျင်းမှာ အထပ်မြင့်တိုက်မီးလောင်မှု ၁၅ ယောက်သေပြီး ၄၄ ယောက်ဒဏ်ရာရ

ပေကျင်း၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံတခု မီးလောင်မှုကြောင့် လူ ၁၅ ယောက်သေဆုံးပြီး ၄၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၄ ရက်မှာပြောပါတယ်။ မီးလောင်မှုဟာ လျှပ်စစ်ဆိုင်ကယ်တွေထားရှိရာ အဆောက်အအုံရဲ့ ပထမထပ်ကနေ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်ခဲ့တဲ့ အထပ်မြင့်တိုက်ဟာ ရှန်ဟိုင်းမြို့အနောက်မြောက်ဘက် ကီလိုမီတာ ၂၆၀ အကွာမှာရှိပြီး လူရှစ်သန်းနေထိုင်တဲ့ နန်ကျင်းမြို့ရဲ့ ယူဟွာတိုင်ခရိုင်မှာ တည်ရှိပါတယ်။ မီးငြှိမ်းသတ်ရန် မီးသတ်ကား ၂၅ စီးထိ အသုံးပြုခဲ့ရပြီး ဒဏ်ရာရသူ ၄၄ ယောက်ကို ဆေးရုံပို့ပေးထားပြီး တယောက်မှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းများ လျော့ရဲခြင်းနှင့် လိုက်နာမှုနည်းပါးခြင်းတို့ကြောင့် တရုတ်နိုင်ငံမှာ လူအသေအပျောက်ရှိတဲ့ မီးလောင်ကျွမ်းမှုတွေ မကြခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ Ref:AFP…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၄ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၁၀ ကျပ် ဝယ်ဈေး – ၃၅၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၄ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၂ ကျပ် ဝယ်ဈေး – ၇၅၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၈ ကျပ် ဝယ်ဈေး – ၄၈၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဧပြီလမှာ ရာထူးကနေ ဆင်းပေးမယ်လို့ ဆီနီဂေါသမ္မတ ကြေညာ

  ဒက်ကာ၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) ဆီနီဂေါသမ္မတ မက်ကီဆေးလ်ဟာ ရာထူးသက်တမ်းကုန်ဆုံးမယ့် ဧပြီ ၂ ရက်နေ့မှာ ရာထူးကနေ ဆင်းပေးမယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ယခုလအတွင်းမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလထိ ရွှေ့ဆိုင်းလိုက်တဲ့အပေါ် နိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားနေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်အချိန်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်သွားမယ်လို့ သမ္မတ မက်ကီဆေးလ်က ပြောပါတယ်။ ဒါပေမယ့် မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ရည်ရွယ်ထားတဲ့ ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ အတိုက်အခံတွေကတော့ ငြင်းဆိုထားပါတယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်းမှုနဲ့ပတ်သက်ပြီး သမ္မတမက်ကီဆေးလ်က နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့ သမ္မတရဲ့ဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆီနီဂေါဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ပြီးခဲ့တဲ့သီတင်းပတ်မှာ အမိန့်ချခဲ့ပါတယ်။ Ref:BBC Photo:AFP

Read More

This Day in History

Voice of Myanmar အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့စစ်ပွဲတွင် ကူဝိတ်ကို သိမ်းပိုက်ထားသော အီရတ်တပ်များအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် တလအကြာ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် မြေပြင်ထိုးစစ် စတင်ခဲ့သည်။

Read More

ကလေးမြို့နယ် တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ် ၊ ထိခိုက်သေဆုံးသူ များပြား

ဖေဖော်ဝါရီ ၊ ၂၄ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ်ရဲ့ တောင်ပိုင်း ၊ ဂန့်ဂေါမြို့နယ် ကြားမှာရှိတဲ့ မှန်တောကျေးရွာနားက တိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်သေဆုံးသူတွေ များနေတယ်လို့ ဒေသခံ တိုက်ပွဲရှောင်သူတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ တိုက်ပွဲရှောင် တယောက်က ” ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်းကစလို့ ဒီကနေ့အထိ ကလေးနယ် တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် မှန်တော ၊ ဆည်တော ၊ ရှားဘို ၊ တင်သား ၊ ဒိုနွယ် ၊ ရှားတော ၊ မြောက်စည်း ၊ အရှေ့စည်းက ဒေသခံ နှစ်ထောင်ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်…

Read More

ဓားတန်းဦးသန့်နှင့် ဦးခင်ဇော် (ဆရာK)

  ဆူးငှက်   အနုပညာရှင်   “ကျွန်တော်ပြောနေတဲ့ ခံစားချက် ဆည်းပူးနေတယ်ဆိုတာပင်၊ စင်စစ် တော့ ဝေဒနာနုပဿနာ စိတ်္တာနုပဿနာ သဘောသတိပဋ္ဌန်သဘောပဲဖြစ်ပါတယ်။ မိမိတို့ ဘယ်လိုအာရုံတွေနှင့်တွေ့တဲ့အခါ ဘယ်လိုစိတ်ပေါ်တယ်၊ ဘယ်လိုစိတ်တွေ ကြောင့်ဒုက္ခ၊ သုခ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာစတဲ့ ဝေဒနာတွေပေါ် တယ်ဆိုတာ ပွားများနေတာပဲ ဖြစ်ပါတယ်။ အဲဒီလို ပန်းချီတို့၊ ပန်းပုတို့၊ ဂီတတို့၊ သီချင်းတို့၊ ကဗျာ၊ ဓာတ်ပုံ စသည်တို့ကို အရသာခံတတ်ရင် ပညာရှင်တစ်ဦးဖြစ်ပါပြီ။ ဒါပေမယ့်သုခုမပညာရှင်က အရသာခံရုံ တင်မဟုတ်ပါဘူး။ မိမိတု့ိစားရတဲ့ အရသာ ကိုပဲ ပန်းချီ၊ ပန်းပု၊ ဂီတ၊ လင်္ကာ၊ ဓာတ်ပုံ၊ သီချင်းစသည့် မိမိတို့အစွမ်းပညာနှင့် သူတစ်ပါးတို့ကို အရသာခံနိုင်အောင် တစ်ဆင့် ဖောက်သည်ချတတ်ရပါသေးတယ်”   (အနုပညာရသ- ဓားတန်းဦးသန့်)     လွန်ခဲ့တဲ့ ၄၈နှစ်ကာလ….၊…

Read More
VOM News

FREE
VIEW