ဧပြီလမှာ ရာထူးကနေ ဆင်းပေးမယ်လို့ ဆီနီဂေါသမ္မတ ကြေညာ

 

ဒက်ကာ၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄

မျိုးဆက်(VOM)

ဆီနီဂေါသမ္မတ မက်ကီဆေးလ်ဟာ ရာထူးသက်တမ်းကုန်ဆုံးမယ့် ဧပြီ ၂ ရက်နေ့မှာ ရာထူးကနေ ဆင်းပေးမယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ယခုလအတွင်းမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလထိ ရွှေ့ဆိုင်းလိုက်တဲ့အပေါ် နိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားနေပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်အချိန်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်သွားမယ်လို့ သမ္မတ မက်ကီဆေးလ်က ပြောပါတယ်။

ဒါပေမယ့် မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ရည်ရွယ်ထားတဲ့ ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ အတိုက်အခံတွေကတော့ ငြင်းဆိုထားပါတယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်းမှုနဲ့ပတ်သက်ပြီး သမ္မတမက်ကီဆေးလ်က နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့ သမ္မတရဲ့ဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆီနီဂေါဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ပြီးခဲ့တဲ့သီတင်းပတ်မှာ အမိန့်ချခဲ့ပါတယ်။

Ref:BBC

Photo:AFP

Related posts

✕
VOM News

FREE
VIEW