HIV ဗိုင်းရပ်စ်ကို လူ့ခန္ဓာကိုယ် ဆဲလ်တွေထဲကနေ အောင်မြင်စွာ ဖယ်ရှားနိုင်ပြီ

 

ဝါရှင်တန်၊ မတ်-၂၀-၂၀၂၄

မျိုးဆက်(VOM)

နိုဘယ်ဆုရ Crispr gene-editing နည်းပညာကို အသုံးပြုပြီး လူ့ခန္ဓာကိုယ် ဆဲလ်တွေထဲမှာ ကူးစက်နေတဲ့ HIV ဗိုင်းရပ်စ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒီနည်းပညာအရ ဗိုင်းရပ်စ်ဆဲတွေကို မော်လီကျူးအဆင့်မှာတင် ဒီအင်န်အေကို ဖြတ်တောက်ပြီး ဖယ်ရှားတာမျိုး သို့မဟုတ် ဆဲလ်တွေ အသက်မဝင်အောင် လုပ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

လက်ရှိစမ်းသပ်ခံတဲ့ စေတနာ့ဝန်ထမ်းသုံးယောက်ဟာ သီတင်းပတ် ၄၈ ပတ်ကြာချိန်ထိ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ သုတေသီတွေက ဆိုပါတယ်။

HIV ဗိုင်းရပ်စ်တွေကို နောက်ဆုံးမှာ ခန္ဓာတခုလုံးကနေ ဖယ်ရှားနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားကြပေမယ့် ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုတို့အတွက် စမ်းသပ် စစ်ဆေးမှုတွေ များစွာ လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။

လက်ရှိ ဆေးဝါးတွေဟာ ဗိုင်းရပ်စ်တွေကို တားဆီးနိုင်ပေမယ့် ဖယ်ရှားနိုင်ခြင်းတော့မရှိပါဘူး။ အမ်စတာဒမ် တက္ကသိုလ်က သုတေသီတွေဟာ သူတို့ရဲ့ အစောပိုင်း တွေ့ရှိချက်ကို ယခုသီတင်းပတ်မှာပြုလုပ်တဲ့ ဆေးဘက်ဆိုင်ရာ ညီလာခံမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

အနာဂတ်ကုထုံးအတွက် ခန္ဓာကိုယ်တခုလုံးမှာ ဆဲလ်တွေရဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို သက်သေပြဖို့ နောက်ထပ် အဆင့်များစွာ လုပ်ဆောင်ရဦးမယ်လို့ နော့တင်ဟမ်တက္ကသိုလ်က ပင်မဆဲလ်နဲ့ မျိုးရိုးဗီဇကုထုံးဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ James Dixon က သုံးသပ်ပြောဆိုပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်အတွင်း ခိုအောင်းနေတဲ့ ဆဲလ်တွေထဲက HIV ဗိုင်းရပ်စ်ကို ဖယ်ရှားရေးဟာ အလွန်စိန်ခေါ်မှုတွေရှိနေပြီး ရေရှည်မှာဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက စိုးရိမ်စရာတခုလို့ လန်ဒန် ဖရန့်စ်ခရစ်အင်စတီကျုမှ ဗိုင်းရပ်စ်ကျွမ်းကျင်သူ ဒေါက်တာ ဂျိုနသန်စတိုးက သတိပေးပြောဆိုပါတယ်။

Ref: BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW