မတ် ၊ ၂၁ ၊ ၂၀၂၄
SP (VOM)
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးညှင်းမြို့နယ် ၊ မန္တလေး – မြစ်ကြီးနား ရထားလမ်းပိုင်းမှာရှိတဲ့ နန်းမာ ဘူတာမှာ ရပ်ထားတဲ့ ရထားတွေ မနေ့ မတ် ၂၀ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်က မီးလောင်ပျက်စီးတယ်လို့ ကချင်ပြည်နယ် မီးရထား အသိုင်းအဝိုင်းဆီက သိရပါတယ်။
” နန်းမာ ဘူတာမှာ ရပ်ထားတဲ့ ရထားနဲ့ တွဲဆိုင်းတွေ မနေ့ ညနေ ၆ နာရီလောက်က မီးလောင်ပျက်စီးကုန်တယ် ၊ အဲ့ဒီ မီးလောင်တဲ့ ရထားတွေက ပြီးခဲ့တဲ့ ၂၀၂၁ ကာလက မန္တလေး မြစ်ကြီးနား ခရီးစဥ် ထွက်ခွာလာတဲ့ ရထားတွေဖြစ်တယ် ၊ အဲ့ဒီ ခရီးစဥ်မှာ တာဝန်ကျ လိုက်ပါလာတဲ့ ထားဝန်ထမ်းတွေက ရောက်ရာအရပ်ကနေ CDM လုပ်ပြီး ရထားကို နန်းမာဘူတာမှာ ရပ်နားထားခဲ့တယ် ၊ အခုဆိုရင် အဲ့ဒီ နန်းမာ ဘူတာမှာ CDM ကိစ္စနဲ့ ရပ်ထားခဲ့တဲ့ ရထားတွေဟာ အနီးနားက ဆေးသမားတွေ ဖြုတ်ခိုးယူလို့ ရထား အစိပ်အပိုင်းတချို့ မရှိတော့ဘူး ၊ အဲ့ဒါကြောင့် ရှို့မီးဖြစ်ဖို့များတယ် ” လို့ ရထားအသိုင်းအဝိုင်းတယောက်က ပြောပါတယ်။
ကချင်းပြည်နယ် မီးရထား အသိုင်းအဝိုင်း တာဝန်ရှိသူတယောက်က ” ကချင်ပြည်နယ်ထဲမှာ လော်ကယ် မီးရထားတချို့ ဒီနှစ်ထဲမှာ ပြန်လည် ပြေးဆွဲပေးနေတယ် ၊ အဝေးပြေးရထားလမ်းပိုင်းတော့ အခုထိ မပြေးဆွဲနိုင်သေဘူး ၊ ရထားဝန်ထမ်း အခက်ခဲ ၊ လမ်းတံတားပိုင်းဆိုင်ရာ ခက်ခဲမှုတွေ ရှိနေသေးတယ် ၊ အဲ့ဒါကြောင့် အခုထိ မန္တလေး မြစ်ကြီးနားလမ်းပိုင်း မပြေးဆွဲနိုင်တာ ဖြစ်တယ် ၊ အဲ့ဒီ လမ်းပိုင်းကို ပြန်လည်ပြေးဆွဲဖို့ စီမံချက်တွေ ချထားပြီးပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာ ၂၁ ရက်က မန္တလေး မြစ်ကြီးနား စက်သုံးဆီသယ် ရထားတစီးဟာ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ချပ်ကြီး ဘူတာနားမှာ တိမ်းမှောက် မီးလောင်ပြီး ဒေသခံ ပြည်သူ ၅၉ ယောက် သေဆုံးကာ ၃၆ ယောက် ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ ၊ ဒေသခံ တဥိီး