မိုင်းခွဲခံရတဲ့ ​ရန်ကုန်-မော်လမြိုင်ရထားလမ်း ပြင်ဆင်တဲ့အဖွဲ့ ဒရုန်းနဲ့ထပ်တိုက်ခံရပြီး လမ်းမပြင်နိုင်လို့ ရထား မပြေးဆွဲနိုင်သေး

 

မော်လမြိုင်- မတ် ၂၁ – ၂၀၂၄
GG (VOM)

မွန်ပြည်နယ် ၊ သထုံမြို့နယ် ၊ မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းမှာရှိတဲ့ သိမ်ဆိပ်နဲ့ ဒုံးဝန်းဘူတာကြား ရထားလမ်းမိုင်းခွဲဖျက်ဆီးခံရမှုကို ပြန်လည်ပြင်ဆင်နေတဲ့အဖွဲ့ ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခံရတာကြောင့် ပြင်ဆင်မှုတွေ ရပ်ထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” ရထားရော ၊ရထားလမ်းပါပျက်တော့ သူတို့ ပြင်ကြတာမှာ ၁၉ ရက်နေ့က ပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ထပ်ပြီး တိုက်ခံရတယ်၊အဲ့ဒီနောက် ပြင်ဆင်တဲ့အဖွဲ့လည်း ဆက်မလုပ်တော့ဘူး။ ခုထိတော့ ပြန်ပြင်နေတာ မကြားမိဘူး။မပြင်နိုင်တော့ ခရီးစဥ်တွေလည်းခုထိ မထွက်နိုင်ဘူး ” လို့ သထုံမြို့နယ် ဒေသခံတ​ယောက်ကပြောပါတယ်။

ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရမှုကို ပြန်လည်ပြင်ဆင်တဲ့အဖွဲ့ ထပ်မံတိုက်ခံရပေမယ့် လူထိခိုက်တာမရှိသလို ရထားလမ်းထပ်မံထိခိုက်ပျက်စီးတာမရှိဘူးလို့သိရပါတယ်။

အဆိုပါ မိုင်းခွဲခံရတဲ့ရထားလမ်း ပြန်လည်မပြင်ဆင်နိုင်သေးတာကြောင့် တဖက်မှာလည်း ရန်ကုန် – မော်လမြိုင် အစုန် အဆန် ရထားခရီးစဥ်တွေကို မတ်လ ၁၉ ရက်မှစပြီး မတ်လ ၂၁ ရက်နေ့အထိ ပြေးဆွဲနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

” ဘူတာကြီးကတော့ ၁၉ ရက်နေ့ကစပြီး ရထားလက်မှတ်ဝယ်ပြီးသားတွေကိုပြန်အမ်းပေးနေတာခုထိပဲ ။ ရန်ကုန်ရထားလည်း မလာရဘူး၊ဒီကလည်းရထားထွက်မရဘူးဖြစ်နေတာပေါ့။ ​ရထားခရီးကိုမှီခိုသွားလာနေရတဲ့ ပြည်သူ​
အတွက်​ေတာ့ဒုက္ခရောက်တာပေါ့။မေးကြည့်တော့ မနက်ဖန်လည်း ရထားထွက်ဖို့မသေချာဘူးတဲ့၊ ရန်ကုန်ဆေးခန်းပြဖို့သွားရမှာ ခုတော့ဒုက္ခရောက်ရတယ် ” လို့ ရထားနဲ့ခရီးသွားဖို့စောင့်နေတဲ့ မော်လမြိုင်မြို့ ဒေသခံပြည်သူတ​​ယောက်က ကပြောပါတယ်။

သိမ်ဆိပ်နဲ့ ဒုံးဝန်းဘူတာကြား ရထားလမ်းမိုင်းခွဲဖျက်ဆီးခံရတာကတော့ မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းခွဲခံရမှုမှာ ကျောက်တင်ရထားတွဲဆိုင်းလည်းလမ်းချော်ကာ တိမ်းမှောက်ပျက်စီးခဲ့ရသလို ကထားလမ်းလည်း ပျက်စီးခဲ့ရတာဖြစ်ပါတယ်။
မတ်လ ဒုတိယပတ်တုန်းကလည်း ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ကျောက်ဆည်-မင်းစု ဘူတာအကြားမှာ ရထားလမ်း မိုင်းဖောက်ခွဲခံရပြီး ရထားသံလမ်းနဲ့ ကွန်ကရစ်ဇလီဖားတုံးတွေ ပျက်စီးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှ လက်ရှိကာလ သုံးနှစ်ကျော်အတွင်း ရထားလမ်းနဲ့ ရထားဘူတာနယ်မြေများတွင် မိုင်းခွဲခံရမှု အကြိမ် ၁၃၀ ​ေကျာ်အထိရှိနေပြီး ရထားတံတား မိုင်းခွဲဖျက်ဆီးခံရမှု ၄၉ ကြိမ်၊ ဘူတာအဆောက်အဦနဲ့ ဝန်ထမ်းနေအိမ် မီးရှို့ဖျက်ဆီးခံရမှု ၁၂ ကြိမ်ရှိခဲ့တယ်လို့ နစကမှ ထုတ်ပြန်ထားပါတယ်။
ရထားလမ်းတွေ မိုင်းခွဲခံရခြင်းကြောင်း ရထားခရီးစဥ်တွေ ကြန့်ကြာခဲ့ရသလို ရထားဆိုင်တွဲပျက်စီးခြင်း တွေလည်း ရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW