ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်တာကို တရားဝင် အသိအမှတ်ပြုတော့မယ်

ဘန်ကောက်၊ မတ်-၂၈-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုမယ့် ဥပဒေကြမ်းကိုအောက်လွှတ်တော်မှာ မတ် ၂၇ ရက်ကအတည်ပြုလိုက်ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံမှာ လိင်တူချင်းလက်ထပ်ခြင်းဆိုင်ရာ သာတူညီမျှရေးအတွက် သမိုင်းဝင် ခြေလှမ်းတရပ်ဖြစ်ပြီး ဥပဒေဖြစ်လာဖို့ အထက်လွှတ်တော်နဲ့ ထိုင်းဘုရင်ရဲ့ ထောက်ခံချက်တို့ လိုအပ်နေသေးသတယ်။

လွှတ်တော်အမတ် ၄၁၅ ဦးအနက် ၄၀၀ ကထောက်ခံခဲ့တဲ့ ဥပဒေကြမ်းမှာ အမျိုးသားနဲ့ အမျိုးသမီးတို့ လက်ထပ်ခြင်းအစား လူနှစ်ေပေါင်ဖက်မှုအဖြစ် အစားထိုးဖော်ပြထားပြီး လိင်တူချစ်သူများအမွေဆက်ခံခွင့်နဲ့ ကလေးမွေးစားခွင့်တွေလည်းပါဝင်ပါတယ်။

ဥပဒေကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်နေကြပြီး ထိုင်းနိုင်ငံဟာ လိင်တူလက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်လာတော့မှာဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ ဥပဒေကြမ်းကိုအတည်ပြုလိုက်ခြင်းဟာ ပြသနာတိုင်းအတွက် အလုံးစုံ ကုစားဖြေရှင်းရေး မဟုတ်ပေမယ့် တန်းတူညီမျှမှုရဲ့ အစဖြစ်ကြောင်းအောက်လွှတ်တော် လက်ထပ်ခြင်းဆိုင်ရာကော်မတီဥက္ကဌ ဒန်နုဖန်ပန်နက်ကန်တာက ဥပဒေကြမ်းတင်သွင်းစဉ် လွှတ်တော်မှာ ပြောပါတယ်။

Ref:BBC
Photo:Getty Images

Related posts

✕
VOM News

FREE
VIEW