ယူကရိန်းမြို့တော် ကိယက်ဗ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကင် ရောက်ရှိနေ

 

 

ကိယက်ဗ် ၊ မေ-၁၄-၂၀၂၄

မျိုးဆက်(VOM)

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခံနေရတဲ့ ယူကရိန်းကို ဆက်လက်ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ရောက်ရှိနေပါတယ်။

 

ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသကို ရုရှားက မြေပြင်ထိုးစစ်ဆင်နေချိန်မှာ ယူကရိန်းကို ဘလင်ကင် ရောက်ရှိလာတာဖြစ်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီး ၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအပါအဝင် ယူကရိန်းအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

နှစ်ဘက်တာဝန်ရှိသူတွေအကြား ယူကရိန်းစစ်မြေပြင် အဆင့်မြှင့်တင်မှုတွေ၊ အမေရိကန်လုံခြုံရေးနဲ့စီးပွားရေး အကူအညီသစ်တွေရဲ့ အကျိုးသက်ရောက်မှုနဲ့ ယူကရိန်းစီးပွားရေး ပြန်လည်နာလန်ထူဖို့ လုပ်ဆောင်နေတာတွေကို ဆွေးနွေးဖွယ်ရှိပါတယ်။

 

ယူကရိန်းအတွက် အကူအညီပေးရေးတွေအပါအဝင် အမေရိကန်ရဲ့ ကာလရှည်ကြာနှောင့်နှေးခဲ့ရတဲ့ ပြည်ပအကူအညီအစီအစဉ်ကို ကွန်ဂရက်ကခွင့်ပြုပြီးနောက်မှာတော့ ယူကရိန်းအတွက် အမေရိကန်ရဲ့စစ်ရေးအထောက်အပံ့တွေ ပြန်လည်ပေးပို့နေပါတယ်။

 

ယူကရိန်းအတွက် ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ အမြောက်ကျည်တွေနဲ့ သံချပ်ကာယာဉ်တွေအပါအဝင် ဒေါ်လာသန်း ၄၀၀ တန်စစ်ဘက်ဆိုင်ရာ အကူအညီပေးရေးအစီအစဉ်ကို အမေရိကန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။

Ref:NHK

Photo:AFP/Reuters

 

 

 

 

 

 

 

 

 

 

 

 

 

Related posts

✕
VOM News

FREE
VIEW