ကချင်မှာ တိုက်ပွဲတွေကြောင့် မိုးမောက်ဈေးနဲ့ နေအိမ်တချို့ မီးလောင်ပျက်စီး

မေ ၁၈၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မှာ နစက စစ်တပ်နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် မေလ ၁၇ ရက်နေ့ညက မိုးမောက်ဈေးနဲ့ နေအိမ် တချို့ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုးမောက်ဈေး မရှိတော့ဘူး။ ပါသွားတဲ့ နေအိမ် ၃၀ နီးပါးရှိတယ်။ တချို့က အကုန်မလောင်ဘူး။ အိမ်ထဲကျန်ခဲ့တဲ့ အသက်ကြီးပိုင်းတွေရဲ့ သတင်းမကြားရသေးဘူး။ လွတ်သွားလား၊ မလွတ်ဖူးလားဆိုတာ မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲတွေအတွင် လက်နက်ကြီးပစ်ခတ်မှုတွေလည်း အပြန်အလှန်ရှိခဲ့ပြီး ဗန်‌းမော် ဘက်ကနေ မိုးမောက်ဘက် လက်နက်ကြီး ပစ်နေတ
“မိုးမောက်က‌တော့ အိမ်တွေလည်း မီးလောင်ကုန်ပြီ။ အကုန်လုံးသွားပါပြီ။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
မိုးမောက် အပါအဝင် အနီးနားရွာတွေမှာ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ် ရာချီ မီးလောင်ပျက်စီးသွားပြီး လက်နက်ကျည်ထိမှန်ကာ ပြည်သူ တချို့ သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ဆိုပါတယ်။
မိုးမောက်မြို့ဘက်မှာ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကစ နစက စစ်တပ်နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။
Photo Crd# Cmk

Related posts

Leave a Comment

VOM News

FREE
VIEW