ယူကရိန်း ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို လတ်တလော သိမ်းဖို့အစီအစဉ်မရှိကြောင်း ပူတင်ပြော



မော်စကို၊ မေ-၁၈-၂၀၂၄
မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်း ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို သိမ်းပိုက်ဖို့ လတ်တလော ကြိုးပမ်းနေခြင်းမရှိကြောင်း ရုရှားသမ္မတပူတင်က အခိုင်အမာပြောဆိုပါတယ်။

“ လက်ရှိမှတော့ အဲဒီလိုသိမ်းပိုက်ဖို့ အစီအစဉ်မရှိဘူး” လို့ တရုတ်ခရီးစဉ်အပြီးမှာ သမ္မတပူတင်က ပြောပါတယ်။ ဒါပေမယ့်လည်း ရုရှားတပ်တွေဟာ နယ်စပ်မှာ လုံခြုံရေးဇုန်တခု ဖန်တီးဖို့ အရှေ့မြောက်ပိုင်း ခါကိဗ်ဒေကို ချီတက်သိမ်းယူနေတယ်လို့ ပူတင်ကပြောပါတယ်။

ဒါပေမယ့်လည်း ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားဘက်က လူသိရှင်ကြား ပြောဆိုမှုတွေဟာ ယူကရိန်းအပေါ် စစ်ဆင်ရေးတွေမှာ အမှန်တကယ် ထင်ဟပ်ခြင်းမရှိပါဘူး။ ယူကရိန်းကတော့ ရှေတန်းစစ်မျက်နှာစာတွေမှာ အခြေအနေတည်ငြိမ်တယ်လို့ ဆိုထားပြီး နယ်စပ်က ကျေးရွာတွေကိုတော့ ရုရှားက သိမ်းပိုက်ထားတယ်လို့ ဝန်ခံထားပါတယ်။

စစ်ပွဲမဖြစ်မီ လူဦးရေ ၁ ဒသမ ၄ သန်းနီးပါးရှိခဲ့တဲ့ ခါကိဗ်ဟာ ရုရှားမောင်းသူမဲ့လေယာဉ်တွေရဲ့ ထပ်မံတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားဟာ ယူကရိန်းကို အပြည့်အ၀ ကျူးကျော်တိုက်ခိုက်နေတာဟာ တတိယနှစ်ထဲကို ရောက်ရှိနေပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပဒေသရဲ့ သွေးထွက်သံယိုအဖြစ်ဆုံး စစ်ပွဲဖြစ်ပြီး များမကြာခင် ပြီးဆုံးမယ့် အရိပ်လက္ခဏာ မရှိသေးပါဘူး။

Ref:BBC
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW