စင်ကာပူ လေယာဉ်တစင်း မြန်မာနိုင်ငံပေါ်က ဖြတ်အပျံမှာ လေထုမငြိမ်မသက်မှုကြောင့် ထိုင်းမှာ အရေးပေါ်ဆင်းသက်၊ တယောက်သေပြီး ၃၀ ကျော်ဒဏ်ရာရ

ဘန်ကောက်၊ မေ-၂၂-၂၀၂၄
မျိုးဆက်(VOM)
စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစင်းဟာ ပျံသန်းနေစဉ်အတွင်း ပြင်းထန်တဲ့ လေထုမငြိမ်မသက်မှု ဖြစ်ပေါ်ပြီးနောက်မှာ ခရီးသည်တွေထဲက Geoff Kitchen ဆိုသူ ဗြိတိန်နိုင်ငံသား တယောက်သေဆုံးသွားပါတယ်။
ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၀၀ ကျော်ကို တင်ဆောင်ပြီး လန်ဒန်ကနေ စင်ကာပူကို ပျံသန်းတဲ့ အဲဒီလေယာဉ်ဟာ မတော်တဆဖြစ်စဉ်အတွင်း အသက် ၇၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသားဟာ နှလုံးရောဂါနဲ့ သေဆုံးသွားတာလို့ ဘန်ကောက်လေဆိပ် အာဏာပိုင်တွေက ပြောပါတယ်။
လေယာဉ်ဟာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ်က ဖြတ်အပျံမှာ ပြင်းထန်တဲ့ လေထုမငြိမ်မသက်မှုကြောင့် တုန်လှုပ်ခြောက်ခြားဖွယ် စိတ်ထိခိုက်စရာတွေ ကြုံတွေ့ခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း စင်ကာပူလေကြောင်း လိုင်းက ထုတ်ပြန်ထားပါတယ်။
လေထုမငြိမ်သက်မှုကြောင့် လေယာဉ်ဟာ ပြုတ်ကျတဲ့အရှိန်မျိုးဖြစ်ပေါ်ခဲ့တာကြောင့် ထိုင်ခုံခါးပတ်ပတ်မထားသူတွေဟာ လေယာဉ်မျက်နှာကျက်နဲ့ ရိုက်မိတာမျိုး ၊ ခုံနဲ့ရိုက်မိတာမျိုးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ခရီးသည်တွေက ဆိုပါတယ်။
ဒီလိုအခြေအနေကြောင်း လေယာဉ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သု၀ဏ္ဏဘူမိလေဆိပ်ကို လမ်းကြောင်းပြောင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရကာ လေယာဉ်ပေါ်ပါခရီးသည် ၃၀ ကျော်ဒဏ်ရာရပြီး ခုနှစ်ယောက်ကတော့ စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW