ကြားဖြတ်ဒုံးကျည်တွေ အပါအဝင် အမေရိကန်နဲ့ ဂျပန်တို ကာကွယ်ရေးပစ္စည်း ပူးပေါင်းထုတ်လုပ်မယ်

 

တိုကျို၊ ဇွန်-၁၁-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်နဲ့ ဂျပန်နိုင်ငံတိုဟာ ကာကွယ်ရေးပစ္စည်းတွေ ပူးတွဲထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး နှစ်ဘက် တာဝန်ရှိသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်နိုငငံ တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ အဲဒီတွေ့ဆုံမှုမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝယ်ယူရေး၊ နည်းပညာနဲ့ ထောက်ပံ့ပိုဆောင်ရေးအေဂျင်စီ ကော်မရှင်နာ ဖူကာဆာဝါမာဆာကီနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဝီလီယံလာပလန်တီတိုလည်း တက်ရောက်ခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် ကာရှီဒါနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တိုအကြား ဧပြီလမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒီကိစနဲ့ပတ်သက်ပြီး သဘောတူခဲ့ကြပြီးနောက် လက်ရှိမှာ နှစ်ဘက်အကြား အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

PAC-3 ကြားဖြတ်ဒုံးကျည်စနစ်အပါအဝင် စစ်ဘက်သုံး ပစ္စည်းကိရိယာများ ပူးပေါင်းထုတ်လုပ်ရေးအတွက် လုပ်ငန်းအဖွဲလေးဖွဲဖွဲစည်းရန် သဘောတူခဲ့ကြပါတယ်။ နည်းပညာလွှပြောင်းခြင်းအပြင် အခြားနည်းလမ်းများဖြင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများပူးပေါင်းထုတ်လုပ်မှုကို အားကောင်းစေရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအစည်းအဝေးကို အမေရိကန်နဲ့ ဂျပန် ကုမ္ပဏီပေါင်း ၁၀ ခုကျော်တက်ရောက်ခဲ့ကြပြီး အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍအကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အား ကြီးထွားလာချိန်မှာ အမေရိကန်ဟာ ဒေသတွင်းမိတ်ဖက်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်တိုနဲ့ ပူပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နေပါတယ်။

Ref:NHK
Photo:US Army

Related posts

Leave a Comment

VOM News

FREE
VIEW