ရုရှားရဲ့ နျူကလီးယားစစ်ရေးလေ့ကျင့်မှုမှာ ဘီလာရုစ်နိုင်ငံ ပါဝင်လာ

 

မင့်စ်၊ ဇွန်-၁၁-၂၀၂၄
မျိုးဆက်(VOM)

ဘီလာရုစ်စစ်တပ်ဟာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်မှာ ပါဝင်နေတယ်လို ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားဟာ သူ့ရဲ့နျူကလီးယားလက်နက်တွေကို ဘီလာရုစ်မှာ ဖြန့်ကြက်ချထားသော်လည်း ဒီလက်နက်တွေပါဝင်တဲ့ ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဘီလာရုစ်က ပထမဆုံးအကြိမ် ပါဝင်လာတာလည်းဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့ထိုးစစ်အခြေစိုက်စခန်းဖြစ်တဲ့ တောင်ပိုင်းစစ်ဒေသမှာ နျူကလီးယားစစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားအစိုးရရဲ့ နျူကလီးယားလက်နက်စွမ်းရည်ကို မြှင့်တင်မှုဖြစ်ပြီး မကြာသေးမီက ရုရှားနိုင်ငံထဲကပစ်မှတ်တွေကို ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို ပစ်ခတ်ခွင့်ယူကရိန်းကို ပြုလိုက်တဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကို တားဆီးရန်ကြိုးပမ်းမှုအဖြစ် အကဲခတ်တွေက ရှုမြင်ထားကြပါတယ်။

ဘီလာရုစ်နဲ့ ရုရှားတိုအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို တုံပြန်ရန် ယခင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားကြောင်း ဘီလာရုစ်သမ္မတက ထုတ်ဖော်ပြောဆိုထားပြီး အနောက်အုပ်စုခေါင်းဆောင်တွေက ပြင်းထန်တဲ့ စစ်ရေးမူဝါဒတွေကို ကျင့်သုံးနေတာကြောင့် အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အတားအဆီးဖြစ်တယ်လို သူက ဝေဖန်ပြောဆိုထားပါတယ်။

Ref:NHK
Photo:MSN

Related posts

Leave a Comment

VOM News

FREE
VIEW