တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေကို ဖိလစ်ပိုင်မှာ ဆန္ဒပြကန့်ကွက်မှုဖြစ်ပွား

 

မနီလာ၊ ဇွန်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူနဲ့ ရာနဲ့ချီတဲ့ ငါးဖမ်းသမားတွေဟာ မနီလာရှိ တရုတ်ကောင်စစ်ဝန်ရုံးပြင်ပမှာ ဆန္ဒပြခဲ့ကြပြီး တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ ဖိလစ်ပိုင်ငါးဖမ်းသမားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နေတဲ့အတွက် အငြင်းပွားဖွယ်ရေပြင်ကနေ တရုတ်သင်္ဘောတွေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ စတားဘော့သောင်ခုံအပါအဝင် တောင်တရုတ်ပင်လယ်ပြင်တခုလုံးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာတောင်းဆိုထားသည်။ အဆိုပါကျောက်တန်းတွေဟာ ဖိလစ်ပိုင်စီးပွားရေးဇုန်အတွင်းနဲ့ ဖိလစ်ပိုင်ငါးဖမ်းသမားတွေ မိရိုးဖလာငါးဖမ်းခဲ့ကြရာနေရာဖြစ်တယ်လို့ ဖိလစ်ပိုင်ကဆိုပါတယ်။

မကြာသေးမီကာလတွေအတွင်း တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေဟာ ဖိလစ်ပိုင်အစိုးရရဲ့ ထောက်ပံ့ရေးသင်္ဘောတွေကို ရေအမြှောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သင်္ဘောသားအများအပြား ဒဏ်ရာရရှိခဲ့ပြီး တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ရှိ ကင်းစခန်းတခုက ဖျားနာနေတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တယောက်ကို ဆေးဝါကုသဖို့ ပြောင်းရွှေ့ရာမှာလည်း တရုတ်သင်္ဘောတွေက ပိတ်ဆို့တားဆီးခဲ့ပြီး ဒါဟာ လူမဆန်တဲ့လုပ်ရပ်လို့ ဖိလစ်ပိုင်က ရှုတ်ချပြောဆိုထားပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #တောင်တရုတ်ပင်လယ် #ဖိလစ်ပိုင် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW