လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့ကို ထိုးစစ်ဆင်ဖို့ အစ္စရေးစစ်တပ် အတည်ပြုပြီ

 

တဲလ်အဗစ်၊ ဇွန်-၂၀-၂၀၂၄
မျိုးဆက်(VOM)

လက်ဘနွန်ရှိ ဟဇ်ဘိုလာအဖွဲ့နဲ့ နယ်စပ်ဖြတ်ကျော် အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ လက်ဘနွန်မှာ ထိုးစစ်ဆင်ဖို့ စစ်ရေးအစီအစဉ်တွေကို အစ္စရေးစစ်တပ်က အတည်ပြုလိုက်ပါတယ်။

လက်ဘနွန်နယ်စပ်အနီး အစ္စရေးမြောက်ပိုင်းမှာ အစ္စရေးတပ်တွေကို အဆင့်သင့်ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒါဟာ ဟဇ်ဘိုလာတို့အရဲ့ လုပ်ရပ်အပေါ် သိသာထင်ရှားတဲ့ တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့ဟာ ဂါဇာအခြေစိုက် ဟားမတ်စ်တို့ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့နေ့ကတော့ အစ္စရေးရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို အစ္စရေးနိုင်ငံကိုဖြတ်ပြီး ဒရုန်းရိုက်ယူခဲ့တာတွေကို ထုတ်ပြန်ခဲ့ပါသေးတ်။

ဂါဇာကမ်းမြှောင်ဒေသမှာတော့ အစ္စရေးဟား ဟားမတ်စ်တွေကို ဆက်လက်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့နေ့က ဂါဇာတောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ခုနှစ်ယောက်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ နှစ်ဘက်အကြား ပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေပြန်လည်လွတ်မြောက်ရေးအပါအဝင် ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့က ကြားဝင်စေ့စပ်နေပြီး သဘောတူညီချက်ရနိုင်ဖို့ကတော့ ရှေ့မတိုးနောက်မဆုတ် အခြေအနေမျိုးဖြစ်နေပါတယ်။

Ref:NHK
Photo:AFP

#Voicoeofmyanmar #VOM #အစ္စရေး #ဟဇ်ဘိုဘာ #ထိုးစစ်ဆင်ရေး #အတည်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW