လားရှိုး အဝင် အထွက် ပိတ်ထားတာကြောင့် အနီးဝန်းကျင်က ဒေသခံတွေ အစားအသောက် ဝယ် မရလို့ အခက်ကြုံနေ

 

ဇွန် ၂၀၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြို့အဝင်အထွက်ပိတ်ထားတာကြောင့် လားရှိုးခရိုင် ကောင်းကြဲ (အီ) ကျေးရွာအုပ်စု ကုန်းညောင်ရွာက ဒေသခံဟာ အစားအသောက် ဝယ် မရလို့ အခက်ကြုံနေကြရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“ရွာက လူတွေ လားရှိုးဘက် အဝင် မရလို့ အစားအသောက်တွေလည်း ဝယ်ယူ မရဖြစ်နေတာ။ ရွာ ကနေ လားရှိုးမြို့ထဲ နေ့တိုင်း ဟင်းသီး ဟင်းရွက်တွေ လာရောင်းနေကျ ဟာကို အခုက ဈေးလည်း လာရောင်းလို့ မရတော့ဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

အာဏာပိုင်တွဘက်က ရုတ်တရက် လမ်းတွေပိတ်ဆို့ဖြတ်တောက်လိုက်လိုက်တာကြောင့် ဘာမှလည်း ကြိုတင် ဝယ်ထားတာ မရှိထားဘူး လို့ သူက ပြောပါတယ်။ အဲဒီ ကုန်းညောင် ဒေသခံတွေ အပြင် တခြား မြို့ပြင်က ဒေသခံတွေလည်း အလားတူ အခက်အခဲ ဖြစ်သွားဖို့များတယ်လို့ ဆိုပါတယ်။

“ကုန်းညောင် ဘက်လည်း လမ်းက မဖွင့်သေးဘူး။ ဒီ ၆၈ ဘက်ကတော့ စစ်တပ်က ပေးထားတဲ့ အချိန် သွားလို့ရတယ်။ မြောင်းကို ကျော်ပြီးလမ်းလျှောက်လို့ရတယ်။ ကား နဲ့ ဆိုင်ကယ်တော့မရဘူး။ လူပဲရတယ်။ အဲဒီ ကောင်းဟုန်း ရွာထဲတောင် သုံးနေရာ မြောင်းတူး လမ်း ဖြတ်ထားတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

လမ်း တလမ်း ထဲ ဖြတ်တောက်တာ မဟုတ်ပဲ လားရှိုးမြို့ ပတ်ပတ်လည် အဝင်အထွက်ရတဲ့ လမ်းတွေ အကုန် မြေတူး ဖြတ်နောက်ထားတာ ဖြစ်ပြီး တချို့ လမ်း ဖြတ်တောက်ထားတဲ့ နေရာ ဘက်မှာတော့ မိုင်းတွေပါ ထောင်ထားတာလို့ သူက ပြောပါတယ်။

“လားရှိုးဘက် မဟာမိတ် အဖွဲ့တွေ အင်အား ဖြည့်လာတာ နည်းတာ မဟုတ်ဘူး။ အခုက ဝ တွေပါပါလာတာ ကြည့်ရရင်တော့ ကျားဖြန့် (ငွေလိမ်) တွေ လားရှိုးမှာ အရမ်းများလာလို့ တရုတ်တွေများ ခိုင်းသလား မသိဘူး။” လို့ နောက် ထပ် ဒေသခံ တယောက်က ပြောပါတယ်။

လားရှိုးမြို့ နေရာအနှံ့မှာ ကျားဖြန့် (ငွေလိမ်) ကုမ္ပဏီတွေ တော်တော် များလာပြီး နစကစစ်တပ်ဘက် ကိုးကန့် MNDAA တွေ အနေနဲ့ နည်းနည်း နောက်ဆုတ် ပေးဖို့ ညှိနှိုင်းခဲ့ ပေမယ့် အဆင်မပြေဘူးလို့ ကြားသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ မြို့ထဲ တိုက်ပွဲ ပြင်းထန်လာမှာ စိုးရိမ်နေကြပြီး တအာင်း (ပလောင်)။ လူမျိုးတွေကိုတော့ ကျောင်းသူ၊ကျောင်းသား၊ ကျောင်းသူ၊ လုပ်သား၊ ဝန်ထမ်းတွေကိုပါ TNLA တွေက လားရှိုးမြို့ထဲ ကနေထုတ် နေတယ်လို့ ဆိုပါတယ်။

လားရှိုးအထွက် နမ္မတူလမ်းဘက် မှာတော့ TNLA အင်အား ေလျှာ့ထားတာတွေ့ရတယ်၊ အသွားအလာကတော့ အရေးကြီး သွားရမယ့် ပြည်သူတွေဆိုရင် လှေနဲ့ ကူးပြီး စစ်တပ်ဂိတ်မှာ ခွင့်တောင်းပြီးမှ လားရှိုး ဝင်လို့ရတယ်လို့ နမ္မတူ ကနေ လားရှိုးကို သွားရောက်ခဲ့သူက ပြောပါတယ်။

ခရီးသွားကားတွေနဲ့ ဈေးပတ် ကားတွေက အဝင်အထွက် မရတော့တာကြောင့် ရပ်နားထားရကြောင်း ယာဉ်မောင်းတွေနဲ့ ဈေးသည်တွေဆီက သိရပါတယ်။

အခုလ ဇွန် ၁၂ ရက်နေ့ ညနေပိုင်းကစ လားရှိုးမြို့ ပတ်ပတ်လည်လမ်းတွေကို စစ်တပ်ဘက်က မြောင်းတူး လမ်းဖြတ်တောက်ထားပြီး မြို့ထဲ သွားလာ ဝင်ထွက် တာတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးမှသာ မြို့ထဲကနေ ဝင်ထွက်ခွင့် ပြုတာ ဖြစ်ပါတယ်။

Photo Crd# Google
#voiceofmyanmar #VOM #လားရှိုး #ကုန်းညောင်ရွာ #အစားအသောက် #ဝယ်မရလို့

Related posts

Leave a Comment

VOM News

FREE
VIEW