ပန်ဝါမှာ မြေရှားသတ္တုတွင်းပြိုကျလို့ လူ အယောက် ၅၀ မြေအောက်နစ်မြုပ် ပျောက်ဆုံး

 

ဇွန် ၂၀၊ ၂၀၂၄
Shy V (VOM)

ကချင်ပြည်နယ် ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် ပါဝင်သော တရုတ်မြန်မာနယ်စပ်မြို့ ပန်ဝါဘက်မှာ ဇွန်လ ၁၉ ရက်နေ့ည ၁၂ နာရီခန့်က မြေရှားသတ္တုတွင်း မြေပြိုလာလို့ လူ အယောက် ၅၀ ခန့်နစ်မြုပ် ပျောက်ဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ပန်ဝါဘက် မနေ့ည မြေပြိုလို့ လူ အယောက် ၅၀ လောက်မြုပ်သွားတယ်။ အိမ်တွေတောင် မမြင်ရတော့ဘူး။ မြေကြီးတွေ ဖုံးသွားပြီ။ လူ တယောက်မှ မလွတ်ဘူးထင်တယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

မနက် အစောကြီးသွားကြည့်တော့ လူ တယောက်မှ ထွက်မလာလို့ အလောင်းတွေ တူးပြီး ဖော်ထုတ်နေရတယ်လို့ သူကပြောပါတယ်။

“ပန်ဝါ ပါထိုင်ဟော့်နားမှာ မနေ့ည ၁၂ နာရီခန့် က ဇခုန်တိန့်ယိမ်းနဲ့ ဇခုန်တိန့်ဆောင်ဝ် တို့ရဲ့ မြေရှားသတ္တုတွင်းမှာ မြေပြိုလို့ လူ အယောက် ၅၀ လောက်ပါသွားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

သတ္တုဆိုဒ် တခြမ်း ပါသွားပြီး လိုင်းပေါ် ပုံတွေ တင်မှာ စိုးလို့ ဖုန်းတွေ သိမ်းသွားတယ်လို့ ဆိုပါတယ်။ အဲဒီ ဒေသမှာ မြေရှား သတ္တု တူးဖော်မှုကြောင့် မြေကြီးထဲ အပေါက်တွေ ဖြစ်သွားလို့ မိုးကြီးရင် မြေပြိုဖို့ ရာခိုင်နှုန်များနယ်လို့ဒေသခံတွေက ပြောပါတယ်။

Photo Crd# ဒေသခံ
#voiceofmyanmar #VOM #ပန်ဝါ #မြေရှားသတ္တုတွင်း #မြေပြို #လူအယောက်၅၀ #နစ်မြုပ်ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW