ကံပိုင်တည်မှာ ပိတ်မိနေတဲ့ ကုန်ကား ၉၉ စီး လွှတ်ပေး

ဇွန် ၂၀၊ ၂၀၂၄
Shy V (VOM)

ကချင်ပြည်နယ်၊ ကံပိုင်တည် နယ်စပ်မှာ ပိတ်မိနေတဲ့ ကုန်ကား ၉၉ စီးကို ဒီနေ့ ဇွန် ၂၀ ရက်နေ့မှာ လွှတ်ပေးနေကြောင်း ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။

“ဒီနေ့ ၉၉ စီး ပဲ လွှတ်ပေးတာတဲ့ ပြည်သူ့စစ်က။ ပိတ်မိနေတဲ့ ကားတွေက ၅၀၀ လောက်ရှိတယ်။ ကားတွေက ဆင်းလာတဲ့ ကားတွေက ဆင်းလာပြီ။ ကားတွေက ကုန်ပါပြီးသားတွေပါ” လို့ ကုန်တင်ယာ်မောင်း တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဝိုင်းမော် – ကံပိုင်တည် လမ်းပိုင်းမှာ စစ်တပ်နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တွေအကြား တိုက်ပွဲ ဖြစ်ပွားရာက စစ်တပ်နဲ့ ပြည်သူ့စစ် တွေက ကုန်ကားတွေကို ဖြတ်သန်းခွင့် ပိတ်ထားတာ လို့ သူက ပြောပါတယ်။

“ဝိုင်းမော်မှာက ၅၈ တပ်၊ ကံပိုင်တည်မှာက ၁၀၀၃ တပ်၊ ဝေါ်ချုံး ကစပြီးတော့ စစ်တပ်ဘက်က ထိန်းချုပ်ထားတဲ့ နေရာတွေက ဖွင့် မပေးဘူး။ KIA ထိန်းချုပ်ထားတဲ့ နေရာက သွားလာလို့ရပါတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ပိတ်မိနေတဲ့ ကားတွေထဲမှာ ကုန်တင်ကား အစီး ၃၀၀ ကျော်ခန့်နဲ့ အိမ်စီးကား အစီး၂၀၀ နီးပါးခန့်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်မှာ စစ်တပ်ရဲ့ ဆဒုံးစစ်ဗျူဟာစခန်းကြီး အပါအဝင် စစ်တပ်စခန်းတချို့၊ ပြည်သူ့စစ် စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေ ၂၀ နီးပါးကို KIA နဲ့ ပူးပေါင်း အဖွဲ့က သိမ်းပိုက်သွားတာ ဖြစ်ပါတယ်။

Photo Crd#ယဉ်မောင်းတယောက်
#voiceofmyanmar#VOM#ကံပိုင်တည်မှာ ပိတ်မိနေတဲ့ ကုန်ကား ၉၉ စီး လွှတ်ပေး#

Related posts

Leave a Comment

VOM News

FREE
VIEW