တရုတ်တောင်ပိုင်း ရေဘေး သေဆုံးသူ ၃၈ ယောက်ထိ မြင့်တက်လာ

 

ပေကျင်း ၊ ဇွန်-၂၂-၂၀၂၄
မျိုးဆက် (VOM)

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ ယခုသီးတင်းပတ်အတွင်းမှာ ဖြစ်ပွားနေတဲ့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၃၈ ယောက်ထိ ရှိလာကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ယခုနှစ်အတွင်း ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံမြောက်ပိုင်းမှာ အပှုလှိုင်းဖြတ်နေပြီး တောင်ပိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။

လူဦးရေထူထပ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာလည်း စံချိန်တင်မိုးရွာသွန်းမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ သဘော၀ဘေးအန္တရာယ်တွေမှာ ရာသီဥတုအခြေအနေတွေကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်အခဲဖြစ်နေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးရွာသွန်းမှုတွေကြောင့် အိမ်ပေါင်း ငါးသောင်းငါးထောင်ကျော် ရေဘေးသင့်ခဲ့ပြီး ဒီထဲက အိမ်ခြေ၂၂၀၀ နဲ့ လမ်းတံတားအဆောက်အဦ ၄၇၀၀ နီးပါးပြိုကျပျက်စီးခဲ့ရတယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

လက်ရှိရေဘေးကြောင့် စီးပွားရေးအပေါ်တိုက်ရိုက်သက်ရောက်ပြီး ပျက်စီးဆုံးရှုံမှုတန်ဖိုး ဒေါ်လာ ၈၀၅ ဒသမ ၇ သန်းရှိနေပြီး အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် တရုတ်အစိုးရက ဒေါ်လာ ၁၄ ဒသမ ၅ သန်းရန်ပုံငွေချထားကြောင်း စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။

Ref:AFP
Photo:AFP

#Voiceofmyanmar #VOM #တရုတ်တောင်ပိုင်း #ရေဘေး #၃၈ယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW