တောင်ကိုရီးယား ခရီးသည်တင်လေယာဉ် ပျံသန်းနေစဉ်လေဖိအားစနစ်ချို့ယွင်းမှု ခရီးသည် ၁၃ ယောက် ဆေးရုံတင်ထားရ

 

ဆိုးလ်၊ ဇွန်-၂၅-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားကနေ ထိုင်ဝမ်ကို ပျံသန်းတဲ့ တောင်ကိုရီးယားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစင်းဟာ ပျံသန်းနေစဉ် လေယာဉ်ချို့ယွင်းမှုကြောင့် ခရီးသည် ၁၃ ယောက်ကို ဆေးရုံပိုဆောင်ခဲ့ရတယ်လို့ ဒေသတွင် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

လေယာဉ်ခရီးစဉ် အမှတ် KE189 ဟာ ပြီးခဲ့တဲ့ စနေနေ့ညနေ ဒေသစံတော်ချိန် ၄ နာရီ ၄၅ မိနစ်မှာ အင်ချွှန်းနိုင်ငံတကာ လေဆိပ်ကနေ ခရီးသည် ၁၂၅ ယောက်ကို တင်ဆောင်ပြီး ပျံသန်းခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။

လေယာဉ်ပျံသန်းပြီးနောက် မိနစ် ၅၀ အကြာ အပန်ဖြေကျွန်းဖြစ်တဲ့ ဂျယ်ဂျူကျွန်းကို ဖြတ်သန်းစဉ်မှာတော့ လေယာဉ်ရဲ့ အတွင်းခန်းဖိအားကို ထိန်းညှိပေးတဲ့ လေဖိအားစနစ်မှာ ပြသနာဖြစ်ပွားခဲ့တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြထားပါတယ်။

လေယာဉ်ပျံသန်းမှု ခြေရာခံဝက်ဘ်ဆိုက် ဖိုက်ရေဒါ၂၄ ရဲ့အဆိုအရ လေယာဉ်ဟာ ရှစ်မိနစ်အတွင်း ပေနှစ်သောင်းခွဲထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ အဲဒီနောက် လမ်းကြောင်းပြောင်းခဲ့ပြီး အင်ချွှန်းလေဆိပ်ကို ည ၇ နာရီ မိနစ် ၄၀ မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်အတွင်း လေဖိအားမတည်ငြိမ်မှုကြောင့် နားစည်နာကျင်ခြင်း၊ နားဝင်လေထွက်လွန်ကဲတာတွေခံစားရတဲ့ ခရီးသည် ၁၅ ယောက်အနက် ၁၃ ယောက်ကို ဆေးရုံတင်ပို့ထားကြောင်း တောင်ကိုရီးယားပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Ref:CNA
Photo:Istock

#Voiceofmyanmar #VOM #တောင်ကိုရီးယား #လေယာဉ်ချို့ယွင်းမှု #၁၃ယောက် #ဆေးရုံတင်ထားရ

Related posts

Leave a Comment

VOM News

FREE
VIEW